အင်တာနက် အသုံးပြုသူတွေကြား အံ့သြကြီးစွာ ပြောဆိုခဲ့ကြတဲ့ Zhou Lusi ရဲ့ အသွင်အပြင်တစ်ခု

Posted on

အားလုံး တော်တော်များများ သိကြတဲ့အတိုင်း တကယ့်ကို ကျော်ကြားတဲ့ မင်းသမီးတစ်ဦး ဖြစ်တဲ့ နူးညံ့တဲ့ အလှလေး Zhao Lusi ဟာ သူမရဲ့ ပွဲဦးထွက်ကတည်းက “Oh! My Emperor”, “Untouchable Lovers” စသည်တို့မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး မထုတ်လွှင့်ရသေးတဲ့ ဒရာမာဇာတ်လမ်းတွဲ အသစ်များစွာလည်း ရှိနေပါသေးတယ်။

အသက်ငယ်ရွယ်ပြီး အတွေ့အကြုံများသူ တစ်ယောက်လည်း ဖြစ်သလို သူမရဲ့ အသွင်အပြင်ကလည်း ပင်ကိုယ် အရည်အချင်း မြင့်မားပြီး အပြစ်ကင်းကင်း အလှနဲ့ ချစ်စရာကောင်းလွန်းလှပါတယ်။ Zhao Lusi ဟာ အလွန်ချောမောပြီး ချစ်စရာ ကောင်းသူလေး ဖြစ်တဲ့အပြင် ဖျော်ဖြေရေး နယ်ပယ်မှာ အလွန် ရေပန်းစားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကို ချစ်ကြတဲ့ အမာခံ ပရိတ်သတ် များစွာနဲ့ နာမည်ကြီး အနုပညာရှင် စာရင်းမှာ ပါဝင်သူ ဖြစ်ပါတယ်။

မကြာသေးမီက သူမဟာ ထိုင်းနိုင်ငံကို အလည်သွားရင်း Weibo မှာလည်း ဓာတ်ပုံလှလှလေးတွေ တင်ခဲ့ပါတယ်။ ထပ်ခါထပ်ခါ ပြောရလောက်အောင် တကယ်ကို လှပနေခဲ့တာ ဖြစ်ပါတယ်။ ချိုမြိန်စွာ ရယ်မောနေတဲ့ နတ်ဘုရားမတစ်ပါးကဲ့သို့ သူမရဲ့ အသွင်အပြင်​က အံ့သြစရာ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံတွေမှာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့တာကတော့ သူမရဲ့ သေးသွယ်တဲ့ ခါးလေးပါပဲ။ ဓာတ်ပုံထဲက သူမရဲ့ ခါးလေးဟာ သူမ လွယ်ထားတဲ့ အိတ်ထက်တောင် ပိုပြီး ပါးလွှာနေတာက အင်တာနက် သုံးစွဲသူတွေ ကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။ တကယ်ကို အထင်ကြီးစရာ ကောင်းလောက်အောင် ပြီးပြည့်စုံလွန်းတယ်လို့ ပြောဆိုချီးမွမ်း ခဲ့ကြတာ ဖြစ်ပါတယ်။

Written : Nair Nair
Source : Weibo
Photos : Weibo