Stalker များရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတဲ့ Gong Jun နဲ့ Rising with the Wind ရိုက်ကူးရေးအဖွဲ့

Posted on

ဇာတ်လမ်းတွဲ ရိုက်ကူးရေးတွေမှာ မကြာခဏ တွေ့ကြုံရတတ်တဲ့ sisheng fan (stalkers) များနဲ့ daipai (အခပေးဓာတ်ပုံဆရာများ) ရဲ့ စည်းကျော်တဲ့ လုပ်ရက်တွေက အလွန်ကို ဒေါသဖြစ်စရာ ကောင်းတဲ့ ကိစ္စရပ်တွေထဲမှာ ပါဝင်ပါတယ်။ ဒီတစ်ခါမှာတော့ Rising with the Wind အဖွဲ့သားတွေရဲ့ ရိုက်ကူးရေး နောက်ကွယ်က လှုပ်ရှားမှု သတင်းတွေကို ခိုးယူရိုက်ကူး ဖော်ပြခံခဲ့ရပါတယ်။

ဒီဇင်ဘာ (၇)ရက်နေ့ကနေ စတင်ပြီး တရားဝင် ပြသခဲ့တာ ရက်ပိုင်းသာ ရှိသေးပေမယ့် Stalker များကြောင့်ပဲ ဇာတ်ကားရဲ့ နောက်ကွယ်က ရိုက်ကူးမှု အချို့ဟာ လူသိရှင်ကြား ပေါက်ကြားသွားခဲ့ရပြီ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ သတင်းတွေထဲမှာ ဇာတ်လမ်းတွဲကို ဆက်လက်ကြိုးစား ရိုက်ကူးနေကြတဲ့ Gong Jun နဲ့ Zhong Chuxi တို့ရဲ့ ပုံများက အဓိက ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Gong Jun ဟာ Word of Honour ဇာတ်လမ်းတွဲ နဲ့အတူ လေအဟုန်လို အရှိန်ပြင်းစွာ အောင်မြင်လာခဲ့ ပြီးတဲ့နောက် ဒါဟာ ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ် Stalker များရဲ့ နှောင့်ယှက်ခံရမှုကို ဒုတိယ အကြိမ်မြောက် ရင်ဆိုင်ရခြင်း ဖြစ်ပါတယ်။

ဆောင်းဦးရာသီ အစောပိုင်းက မင်းသမီးချော Dilireba နဲ့အတူ တွဲဖက်ဖန်တီးခဲ့တဲ့ The Legend of Anle ဇာတ်လမ်းတွဲဟာ ထိပ်တန်းကြယ်ပွင့် နှစ်ဦးရဲ့ ပထမဆုံးအကြိမ် ပေါင်းစည်းမှုအဖြစ် ပရိတ်သတ်တွေ ကြားမှာ ရေပန်းစား ခဲ့ပါတယ်။ တစ်ဦးချင်းစီရဲ့ မြင့်မားတဲ့ ကျော်ကြားမှုတွေကို ပေါင်းစပ်လိုက်ခြင်းက ပိုမိုအားကောင်းတဲ့ လွှမ်းမိုးနိုင်မှု ရလဒ်တွေကို ဖြစ်တည်စေခဲ့ပါတယ်။

ထိုအချိန်ကလည်း သူတို့ရဲ့ ရိုက်ကူးရေး လုပ်ငန်းတွေကို အနှောင့်အယှက် ပေးနေတဲ့ လူတွေရဲ့ သတင်းများနဲ့ ရင်ဆိုင်ခဲ့ရ ပါသေးတယ်။ The Legend of Anle ဇာတ်လမ်းတွဲ ပြီးဆုံးခဲ့ပြီး ယခုတစ်ကြိမ်မှာလည်း Gong Jun ဟာ သူ့ရဲ့ နောက်ထပ် ပရောဂျက်ကို ဆက်လက် ဦးတည်လာနိုင်တာကို တွေ့ရပြီး အလားတူ နှောင့်ယှက်မှုတွေကိုလည်း ရင်ဆိုင်ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို ထိန်းချုပ်နိုင်ဖို့အတွက် Rising with the Wind အဖွဲ့ဟာ ခွင့်ပြုချက်မပါဘဲ လျှို့ဝှက်စွာ ရိုက်ကူးခဲ့သည့် Daipai များနဲ့ Stalker များရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ တရားဝင် ခွင့်ပြုချက်မရှိဘဲ ရိုက်ကူးရေး နေရာသို့ တိတ်တဆိတ် ဝင်ရောက်ခြင်းအား တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း ၎င်းတို့က ထပ်မံ အလေးပေး ပြောကြားခဲ့ပါတယ်။ ထုတ်လုပ်ရေး ဘက်ကလည်း ၎င်းတို့အနေနဲ့ ဥပဒေ လမ်းကြောင်းများ မှတစ်ဆင့် ဆက်လက် လုပ်ဆောင်ဖို့ အခွင့်အရေး ရှိကြောင်းကိုလည်း တစ်ပါတည်း ပြောကြားခဲ့ပါတယ်။

Written : Nair Nair
Source : Jayne
Photos : IQIYI