Wang Yibo Car
Wang Yibo Car

Wang Yibo နဲ့ သူ့ရဲ့ သက်တော်စောင့်များကြားက နွေးထွေးကြင်နာတဲ့ ဆက်ဆံရေး

Posted on

​ပျိုမေတို့ အသည်းစွဲ ရှောင်ကောကောတွေထဲက ဒိတ်ဒိတ်ကြဲ မင်းသားချော Wang Yibo ဟာ နှစ်လိုဖွယ် အပြည့်နဲ့ ချစ်စရာ ကောင်လေး တစ်ယောက် ဖြစ်ပါတယ်။ သတင်းထောက် အချို့ရဲ့ အဆိုအရ ၎င်းတို့အနေနဲ့ Wang Yibo ကို အနီးကပ် လေ့လာလိုက်တဲ့အခါ ဒီကလေးရဲ့ ခန္ဓာကိုယ်မှာ တကယ်ကို ကိုယ်ကျိုးမဖက်ဘဲ တောက်ပနေတဲ့ အမှတ်အသားတစ်ခု ရှိနေတာကို သိလိုက်ရတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

သူနဲ့ လက်တွဲခဲ့တဲ့ အနုပညာရှင်တွေဆီကလည်း မကြာခဏ ချီးကျူးခံရလေ့ရှိသူ ဖြစ်ပါတယ်။ “Being A Hero” ဇာတ်ကား ရိုက်ကူးနေချိန်မှာ Chen Xiao က သူ့ကို ချီးကျူးခဲ့ပြီး သူ့ရဲ့ အားပြင်းတဲ့ စွမ်းဆောင်မှုက လူတိုင်းကို အံ့အားသင့်စေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ Chen Xiao ဟာ Wang Yibo ကို ချီးကျူးနေချိန်မှာ သူ့ရဲ့ မျက်လုံးများက လေးနက်ခြင်း နဲ့ မြတ်နိုးခြင်း အမူအရာတို့ကို ပြသနေပါတယ်။

Wang Yibo ဟာ သူ့ရဲ့ စီနီယာများနဲ့ လုပ်ဖော်ကိုင်ဖက်များ ဆီကလည်း ချီးကျူးခံ ထိုက်သူလေး ဖြစ်သလို ဝန်ထမ်းတွေဖြစ်တဲ့ သူ့ကိုယ်ရံတော် Lele နဲ့ Yan Yan တို့ရဲ့ အမြတ်တနိုး ပြုစုစောင့်ရှောက် မှုကိုလည်း ရရှိသူ ဖြစ်ပါတယ်။ ယခင်က ဝန်ထမ်းတစ်ဦး ရိုက်ကူးထားတဲ့ လျှို့ဝှက်မြင်ကွင်း ဗီဒီယိုထဲမှာ Wang Yibo ကို ရိုက်ကူးရေးချိန်အတွင်း သူ့ဘေးနားရှိ သက်တော်စောင့်နှစ်ဦးက ကလေးကဲ့သို့ ပြုစုစောင့်ရှောက် နေတာကို မြင်တွေ့ခဲ့ကြရပါပြီး ဗီဒီယိုကို ပြန်လည်ဝေမျှ ခဲ့ကြပါတယ်။

ပုံမှန်အားဖြင့် သတင်းတော်တော်များများမှာ နာမည်ကြီးအနုပညာရှင်တွေရဲ့ ရိုက်ကူးရေးအတွက် ပြင်ဆင်မှုတွေကို မိတ်ကပ်ဆရာတွေနဲ့ လက်ထောက်တွေက စီစဉ်ပေးနေတာ မျိုးကိုသာ တွေ့ရပေမယ့် Wang Yibo ရဲ့ ဒီအသေးစိတ်ကျတဲ့ လုပ်ဆောင်မှုတွေကိုတော့ သူ့ရဲ့ သက်တော်စောင့်တွေကပဲ လုပ်ဆောင်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ နေ့စဉ်ဘ၀မှာ ဝန်ထမ်း တော်တော် များများဟာ ၎င်းတို့ကို မိသားစုဝင်တွေ၊ သူငယ်ချင်း မိတ်ဆွေတွေကဲ့သို့ ဆက်ဆံကြမယ်ဆိုရင် ၎င်းတို့ဘက်ကလည်း အထူးတလည် ဂရုတစိုက် ဆက်ဆံကြလေ့ ရှိကြပါတယ်။

လေဆိပ်တွေမှာလည်း Wang Yibo ရဲ့ဘေးမှာ သက်တော်စောင့်တွေက စိတ်ပါလက်ပါ ကာကွယ်ဖေးမ,နေတဲ့ ဓါတ်ပုံပေါင်းများစွာ ရှိခဲ့ပြီး ဒီပုံရိပ်တွေဟာ Wang Yibo ကို ဘယ်လောက်ထိ စေတနာထားလဲ ဆိုတာကိုလည်း သိရှိနိုင်ပါတယ်။ ဒီအချက်အလက်တွေရဲ့ နောက်ကွယ်မှာလည်း သက်တော်စောင့်တွေအပေါ် Wang Yibo ရဲ့ နွေးထွေးမှုကို ခံစားမိစေပါတယ်။

ဒါ့အပြင် Wang Yibo ရဲ့ Variety Show ရိုက်ကူးရေးတစ်ခုမှာ သူ့အဝတ်အစားတွေကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးနေတဲ့ သက်တော်စောင့်တွေရဲ့ အသွင်အပြင်က ကလေးလေး တစ်ယောက်ကို ပြုစုစောင့်ရှောက်နေတဲ့ ပုံစံနဲ့ တူနေတာကြောင့် Wang Yibo က သူတို့အနားမှာဆို ကလေးဆန်နေပြီး ပိုလို့တောင် ချစ်စရာကောင်းနေ ခဲ့ပါသေးတယ်။ Wang Yibo ရဲ့ ပတ်ဝန်းကျင်မှာ သူ့ကို ပြုစုစောင့်ရှောက်ပေးတဲ့ ဝန်ထမ်းတွေ အများကြီး ရှိနေတာကို တွေ့လိုက်ရပြီး သူတို့ကြားက ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှု တွေကိုလည်း ခံစားမိ စေပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu