ပိုမိုတိုးတက် ပြည့်စုံလာမှုတွေနဲ့ အဆင့်အတန်း မြင့်မားလှတဲ့ အသွင်အပြင်ကို အသိအမှတ်ပြု ခံခဲ့ရတဲ့ Guan Xiaotong

Posted on

Guan Xiaotong ဟာ ​​သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ရုံသာမက မော်ဒယ်လုပ်ဖို့ အလွန်သင့်တော်တဲ့ အမျိုးသမီး သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ပထမဆုံး ပွဲဦးထွက်တုန်းက Guan Xiaotong ဟာ ​​မော်ဒယ်တစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ပြောဆိုခဲ့ကြပေမယ့် သူမရဲ့ လက်ရှိ အခြေအနေအရ ရုပ်ရည်ပိုင်းမှာလည်း ပိုမိုကောင်းမွန် လာရုံသာမက တိုးတက်လာတဲ့ အရည်အချင်းများကိုလည်း ပြသနေပါတယ်။

ယနေ့ခေတ် ဖျော်ဖြေရေး နယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာကာ အထူးသဖြင့် အမျိုးသမီး သရုပ်ဆောင်များကြား ရုပ်ရည်ချောမောတဲ့ ကြယ်ပွင့်တွေ အများအပြား ရှိနေပြီး သူတို့ရဲ့ ပြီးပြည့်စုံတဲ့ အသွင်အပြင်ကို သတ္တိရှိရှိ ထုတ်ဖော်ပြသဖို့လည်း ပိုမိုသတ္တိရှိ လာကြတာကို တွေ့ရပါတယ်။

မကြာသေးမီ နှစ်များနဲ့ ယခင်နှစ်များ အတွင်း Guan Xiaotong ရဲ့ ဝတ်စားဆင်ယင်မှု ပုံစံများကို နှိုင်းယှဉ်ကြည့်ပါက Guan Xiaotong ရဲ့ ဝတ်စားဆင်ယင်မှု ပုံစံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို တွေ့မြင်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း Guan Xiaotong ဟာ သရုပ်ဆောင် အလုပ်ကို အာရုံစိုက်ခဲ့ပြီး အခြားသော အမျိုးသမီး သရုပ်ဆောင်များကဲ့သို့ ပိုမိုပြည့်စုံတဲ့ အနေအထားကို ရောက်ရှိလာပြီလို့ ပြောဆိုနေကြတာလည်း တွေ့ရပါတယ်။

မကြာသေးမီက အင်တာနက်ပေါ်မှာ Guan Xiaotong တင်ထားတဲ့ ဓာတ်ပုံများကို အကြောင်းပြုပြီး သူမရဲ့ ပိုမိုမြင့်မားလာတဲ့ အရည်အသွေးကို အသိအမှတ် ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေထဲမှာ Guan Xiaotong ဟာ သူမရဲ့ ပုံသဏ္ဍာန်အား မြင်သာအောင် ပြသနေခဲ့တာကို တွေ့နိုင်ပါတယ်။

Guan Xiaotong ၀တ်ဆင်ထားတဲ့ အဝတ်အစား ပုံစံများဟာ အနည်းငယ် ပေါ့ပါးပုံရပြီး အဝတ်အစား ဒီဇိုင်းတွေက တကယ့်ကို ပေါ်လွင်မှုတွေ အပြည့်ပါပဲ။ နောက်ကျောမှာ ဧရိယာ ကျယ်ဝန်းနဲ့ ဝတ်စုံများ သာမက လည်ပင်းကို နက်ရှိုင်းတဲ့ V ပုံစံနဲ့ ဒီဇိုင်းထုတ်ထားတဲ့ ဝတ်စုံများ အပါအဝင် သူမရဲ့ ခြေတံရှည်ရှည်ကို မြင်သာစေတဲ့ ဝတ်စုံများလည်း ပါဝင်ပါတယ်။

Camera ရဲ့ ရှုထောင့်ညီမျှမှုနဲ့ Guan Xiaotong ရဲ့ ရင့်ကျက်လာတဲ့ အလှစစ်ဟာ ပရိသတ်များရဲ့ အာရုံစိုက်မှုတွေကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီကနေ တစ်ဆင့် Guan Xiaotong ရဲ့ အလွန်အဆင့်အတန်းမြင့်တဲ့ ရုပ်ရည်နဲ့ ထင်ရှားလာတဲ့ ချောမောလှပမှုတွေကို အပြည့်အဝ အသိအမှတ်ပြုခဲ့ကြပြီး ပိုမိုပြည့်စုံလာတဲ့ နေ့ရက်များအတွက် ချီးမွမ်းပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Weibo