Chinese Celebrity

Dilireba ပြောပြတဲ့ မိခင်နဲ့အတူ မကြာခဏ ပြောဆိုလေ့ရှိတဲ့ သူမရဲ့ လက်ထပ်ဖို့ကိစ္စ

ထူးခြားပြီး သူမတူတဲ့ အလှတွေနဲ့ တရုတ်ထိပ်တန်း မင်းသမီးချော Dilireba ဟာ နာမည်ကြီး ဇာတ်လမ်းတွဲများစွာနဲ့ နိုင်တကာမှာ ပရိတ်သတ်များစွာကို ပိုင်ဆိုင်ထားသူပါ။ သူမရဲ့ နောက်ဆုံးထွက် စီးရီးဖြစ်တဲ့ “Legend of Anle” ဇာတ်လမ်းတွဲ ရိုက်ကူးပြီးစီး ပြီးနောက် Dilireba ဟာ ဒီဇင်ဘာ (၂၅) ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ Variety Show အသစ် “Talk Show New Year’ Eve 2021 (Bye 2021 Comedy Night show)” မှာ ပါဝင်ဖို့ အချိန်ပေး နိုင်ခဲ့ပါတယ်။

အစီအစဉ်မှာ Chinese Talk ရဲ့ New Year’s Eve version ဖြစ်တဲ့ “ROAST” ဟာ အမေရိကန် ရှိုးတစ်ခုမှ ပြင်ဆင်ဖန်တီး ထားခြင်းဖြစ်ပြီး အနုပညာရှင်များအား ၎င်းတို့ရဲ့ ရယ်မောဖွယ် တစ်ကိုယ်တော် ဇာတ်လမ်းရှည်များကို ပြောကြားဖို့ ဖိတ်ခေါ်လေ့ ရှိပါတယ်။ Dilireba ပြောရတဲ့ အပိုင်းတစ်ပိုင်းမှာ သူမအမေက သူမကို ဖုန်းဆက်တိုင်း သူမအသက် (၃၀) ပြည့်ခါနီးပြီ ဖြစ်တာကြောင့် လက်ထပ်ရန် အမြဲအလျင်လိုနေပုံကို ပြောပြခဲ့ပါတယ်။

အသက်ကြီးလာတဲ့အခါ ဘယ်သူမှ သူမကို လိုချင်မှာ မဟုတ်ဘူးလို့ မိခင်ဖြစ်သူက ပြောလာရင် Dilireba က သူမအမေကို “ဘာလို့ Reba ကို ဘယ်သူမှ မလိုချင်ရမှာလဲ မေမေ” လို့ ပြန်ဖြေပါတယ်လို့ ပြောပြလာပါတယ်။ သူ့အမေရဲ့ တုံ့ပြန်မှုကတော့ “မင်း လက်မထပ်ရသေးရင် မေမေက မင်းကို လိုချင်မှာ မဟုတ်ဘူး” လို့ ပြောတယ်လို့ ဆိုပါတယ်။ “Versailles literature” fashion မှာ သူမကလည်း “မေမေ၊ ဒါ ဘယ်လိုဖြစ်နိုင်မလဲ၊ ဘယ်အမေက Reba ကို မလိုချင်မှာလဲ” လို့ ယုံကြည်မှုတွေနဲ့ ပြန်လည်စနောက် ပြောဆိုခဲ့ပါတယ်။

Dilireba ကို သူမအမေက သူမအနေနဲ့ တစ်ချိန်လုံး အလုပ်လုပ်ဖို့ပဲ အာရုံစိုက်နေရင် သူမကို ဂရုစိုက်မယ့်သူ မရှိဘဲ သူမပိုက်ဆံတွေကို တစ်ယောက်တည်း အကုန်သုံးပစ်ရင်း အချိန်တွေ ကုန်ဆုံးရလိမ့်မယ်လို့ ပြောဖူးတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် Dilireba က သူမရဲ့ တစ်ကိုယ်ရည် ဘဝဟာ ထင်ထားသလောက် မကောင်းဘူးလို့လည်း ပြောခဲ့ပါတယ်။

သူမအမေက သူမရဲ့ Ideal Type အကြောင်း မေးတဲ့အခါ Dilireba က “အရမ်းရိုးရှင်းပြီး ချောမောရမယ်၊ အရပ်ရှည်ရမယ်၊ စာနာထောက်ထားတတ်ရမယ်၊ ချက်ပြုတ်နည်းတွေကို သိရမယ်၊ တခါတရံမှာ အံ့သြစရာလေးတွေလည်း ပေးတတ်ရမယ်” လို့ ပြောပြတဲ့အခါမှာ သူမရဲ့ အမေက “သမီး၊ ဘဝလက်တွဲဖော်ဆိုတာ ထင်ထားသလောက် မကောင်းနိုင်ဘူး” လို့ ရှင်းပြတဲ့ အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ Dilireba နဲ့ သူမရဲ့ မိခင်ကြားက ပွင့်ပွင့်လင်းလင်း ရှိမှုတွေ၊ နွေးနွေးထွေးထွေး ရှိမှုတွေကို မြင်တွေ့ခဲ့ ကြရပါတယ်။

Written : Nair Nair
Source : 38jj
Photos : Weibo