Korean Celebrity

Jennie ရဲ့ ရှင်းသန့်နုဖတ်နေတဲ့ မျက်နှာလေးကို အထင်းသားတွေ့ရမဲ့ sun-kissed ပုံရိပ်များ

BLACKPINK အဖွဲ့ဝင် Jennie လေးဟာ အသစ်သစ်သော make up style မျိုးစုံကို ပြင်တတ်တဲ့သူပါ။ Dark type လား soft type လား အကုန်စမ်းကြည့်ဖူးပါတယ်။ ဒါပေမဲ့ make up ပါးပါးလေး လိမ်းချယ်ထားတဲ့ look ကို Jennie က သဘောကျပါတယ်။ Stage ပေါ်မှာဆို outfit နဲ့ကိုက်ညီအောင် ရှယ်ပြင်ထားပေမဲ့ off-stage မှာဆို ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်လိမ်းခြယ်ပါတယ်။

မျက်နှာလေး အပြစ်အနာအဆာ ကင်းချက်က နေရောင်ခြည်အောက်မှာ ရိုက်ထားတဲ့ပုံတွေမှာ ပိုသိသာပါတယ်။ ရှင်းသန့်ပြီး နုဖတ်နေလွန်းလို့ asia cele bar ပရိတ်သတ်တွေရှုစားလို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

  1. In A Black Dress

Red lips နဲ့ ဆွဲဆောင်မှုရှိနေချက်က ဟောလီဝုဒ်မင်းသမီး အလားပါဘဲ။

  1. In Pajamas

ရိုးရှင်းတဲ့ အဝတ်အစားသာ ဝတ်ထားပေမဲ့ ရုပ်ခံလေးက လှတာကြောင့် ချောနေချက်ပါဘဲ။

  1. In Yellow

ဖြာကျနေတဲ့နေရောင်ခြည်နဲ့ ချစ်စရာကောင်းတဲ့ အဝါရောင် outfit လေးဟာ perfect combo ပါနော်။

  1. In Paris

ဒီ Sun- kiss ပုံလေးကတော့ လှလွန်းလို့ next level ရောက်နေပါပြီနော်။

  1. On A Rooftop

ဒါကတော့ Jennie ရဲ့ ပင်ကိုယ်စတိုင် ခပ်ချေချေ look လေးပါ။

  1. In Pink

ဒီပုံကြောင့် IG မှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပါတယ်။

  1. In A Close-Up Photo

အနီးကပ်ရိုက်ချက်ပုံလေးမှာ Jennie ရဲ့ လှပမှုကို အသေးစိပ်မြင်နိုင်ပါတယ်။

  1. With Braids

မိန်းကလေးဆန်ဆန် ပန်းနုရောင် outfit နဲ့ ချစ်ဖို့ကောင်းနေတဲ့ Jennie

  1. In A Bed Of Flowers

အနားမှာ ဝန်းရံနေတဲ့ပန်းတွေထက် ပိုလှနေတဲ့ Jennie လေး

  1. With This Expression

ချစ်စရာကောင်းတဲ့ ageo လေးကြောင့် Jennie ကို ချစ်ခင်စိတ်တွေ နှစ်ဆတိုးသွားနိုင်ပါတယ်နော်

  1. Under The Sun

Ice cream chilling …chilling နေရောင်ခြည်ကြောင့်အပြတ်လှနေတဲ့သူမ

12.Self – make up

ဒါကတော့ Jennie ကိုယ်တိုင် ပြင်ထားတဲ့ self- make up look လေးပါ။ Elegant ဖြစ်ချက်ပါဘဲနော်။

Source: Koreaboo
Photo Credit: Koreaboo
Written: Violet