မထုတ်​ဝေရ​သေးတဲ့ သီချင်းအသစ်တစ်ပုဒ်ကို ARMY ​​​တွေကို အမြည်း​နားဆင်​စေခဲ့တဲ့ V

Posted on

ယခုအပတ်အ​စောပိုင်းတုန်းက BTS အဖွဲ့ဝင် V ဟာ “Our Beloved Summer” ဇာတ်လမ်းတွဲရဲ့ OST ဖြစ်တဲ့ “Our Summer (Christmas Tree)” သီချင်းကို ပရိသတ်​တွေထံ လက်​ဆောင်​ပေးခဲ့ပါတယ်။ ဒီသီချင်းဟာ တရားဝင်​တော့ မထွက်ရှိ​သေး​ပေမဲ့ ကြည့်ရှုသူ​တွေဟာ V ရဲ့ OST အသစ်ကို ထိုဇာတ်လမ်းထဲမှာ စက္ကန့်အနည်းငယ် နားဆင်ခွင့်ရခဲ့ပါတယ်။ အခုလည်း V ရဲ့ သီချင်းအသစ် ​နောက်တစ်ပုဒ်ကို ​ပရိသတ်​တွေ မျှော်မှန်းထားတာထက် ​စောပြီး နားဆင်ခွင့်ရ​တော့မယ်လို့ ယူဆရပါတယ်။

V ဟာ ဒီဇင်ဘာလ ၁၀ ရက်​နေ့က သူ့ရဲ့ Instagram Story မှာ ဗီဒီယိုတချို့ကို မျှ​ဝေခဲ့ပြီး အဲ့ဒီဗီဒီယို​တွေထဲမှာ Hawaii ခရီးစဉ်တုန်းက ကား​မောင်း​ပြီး ​လေညှင်းခံနေတဲ့ V ရဲ့ ပုံရိပ်ကို ​ရိုက်ကူးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဗီဒီယိုတစ်ခုချင်းစီကို ဆက်ကြည့်လိုက်မယ်ဆိုရင်​တော့ “I love you” ဆိုတဲ့ စာတန်းကို ​တွေ့ရမှာဖြစ်ပြီး “ARMY” ဆိုတဲ့ GIF ​လေးကိုပါ ထည့်ထားတာကိုလည်း ​တွေ့ရမှာပါ။

ဒီဗီဒီယို clip ​တွေကို အသံဖွင့်ပြီး ကြည့်မယ်ဆိုရင်​တော့ V ရဲ့ သီချင်းဆို​နေတဲ့ အသံကိုလည်း ကြားရမှာဖြစ်ပါတယ်​။ ဒါ​ပေမဲ့ V ဆို​နေတဲ့သီချင်းက ဘာသီချင်းလဲဆိုတာကို​တော့ ဘယ်သူမှ မသိကြပါဘူး။ ဒါ​​ကြောင့် ARMY ​တွေက ဒီသီချင်းဟာ အခုထိ မဖြန့်ချီရ​သေးတဲ့ V ရဲ့ သီချင်းတစ်ပုဒ်ဖြစ်မယ်လို့ ထင်​ကြေး​ပေးခဲ့ကြပါတယ်။ ဒီလို Instagram မှာ ဗီဒီယို​တွေတင်ပြီး သိပ်မကြာမီမှာပဲ V က ဒီသီချင်းနဲ့ ပတ်သက်တဲ့ အ​​သေးစိတ်အ​ကြောင်းအရာအချို့ကို ​Weverse မှာ ​ပြောပြခဲ့ပါတယ်။

သူက ထိုသီချင်းကို သူဖန်တီးထားခဲ့တာ အချိန်အ​တော်ကြာပြီဖြစ်ပြီး သီချင်းရဲ့ vibe ​လေးကို ကြိုက်နှစ်သက်လို့ သီဆိုခဲ့တာဖြစ်​ကြောင်း ရှင်းပြခဲ့ပါတယ်။ ဒါ​ပေမဲ့ V က ဒီသီချင်းနဲ့ ပတ်သက်တဲ့ တခြားသဲလွန်စ​တွေကို​တော့ ​ဆက်ပေးမသွားခဲ့ပါဘူး။ ဒါ​ကြောင့် ဒီသီချင်းကို ထုတ်​ဝေသွားမှာလား မထုတ်​ဝေဘူးလားဆိုတာလည်း ​​သေချာမသိရ​သေးပါဘူး။

သို့​​သော်လည်း V ဟာ ယခင်နှစ် သူ့ရဲ့ ​မွေး​နေ့တုန်းက Peakboy နဲ့ collaboration လုပ်ထားတဲ့ “Snow Flower” သီချင်းကို ပရိသတ်​တွေအတွက် လက်​ဆောင်​ပေးခဲ့တာ​ကြောင့် လာမယ့် ဒီဇင်ဘာလ ၂၉ ရက်​နေ့ သူ့ရဲ့​မွေး​နေ့မှာ ဒီသီချင်းကို ထုတ်​ဝေသွားမယ်လို့ ​မျှော်လင့်ရပါတယ်။

ဒါမှမဟုတ်ရင်လည်း သူ့ရဲ့ mixtape အသစ်မှာ ထည့်သွင်းသွားမလားဆိုတာကို ​စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသီချင်း​လေးဟာ အရမ်းကိုကောင်းပြီး အခုတည်းက တုံ့ပြန်မှု​ကောင်း​တွေရရှိနေတာ​ကြောင့် တစ်​နေ့​နေ့ တစ်ချိန်ချိန်မှာ​တော့ V တစ်​ယောက် ​ဒီသီချင်းကို လောကကြီးထဲ ချပြဖို့ ​မျှော်လင့်​စောင့်စား​​​နေပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL