ပြဿနာအရှုပ်အရှင်း​တွေ ဖြစ်ပွားပြီး ၈ လအကြာမှာ တက်ကြွတဲ့အပြုံးနဲ့အတူ ပြန်လည်မြင်​​တွေ့ခဲ့ရတဲ့ Seo Ye Ji

Posted on

ရည်းစား​ဟောင်း မင်းသား Kim Jung Hyun နဲ့ ပတ်သက်ပြီး ပြဿနာအရှုပ်အရှင်း​တွေ၊ ​ကောလဟာလ​တွေမျိုးစုံ​ပေါ်ထွက်ခဲ့ပြီး ၈ လ​လောက်အကြာမှာ​တော့ မင်းသမီး Seo Ye Ji ကို drama ရိုက်ကွင်းမှာ ပြန်လည်မြင်​တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက Seo Ye Ji ဟာ tvN ရဲ့ drama အသစ် “Eve’s Scandal” နဲ့အတူ ပရိသတ်​ရှေ့ကို ပြန်လာ​တော့မှာဖြစ်​ကြောင်း အတည်ပြုခဲ့တာပါ။

မကြာ​သေးခင်က ပရိသတ်​တွေဟာ မင်းသမီး Seo Ye Ji ကို ဒီဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းမှာ မြင်​တွေ့ခဲ့ရပါတယ်။ ဒါဟာ သူမအ​နေနဲ့​ ​ကောလဟာလ​တွေ ပျံ့နှံ့ပြီး​နောက် လူမြင်ကွင်းကို ပထမဆုံးအကြိမ် ထွက်​ပေါ်လာတာလည်းဖြစ်ပါတယ်။

ဒါ​ကြောင့် Twitter လို ဆိုရှယ်မီဒီယာ​တွေနဲ့ online community ​တွေမှာ မင်းသမီး Seo Ye Ji တစ်​​ယောက် “Eve’s Scandal” ရိုက်ကွင်းကို ​ရောက်ရှိလာတဲ့ video ​လေးတစ်ခုဟာ ပျံ့နှံ့​နေပြီး လူ​ပြောများလျက်ရှိ​နေပါတယ်။

ရိုက်ကူး​ရေးဝန်ထမ်း​တွေက သူမရဲ့ ပုဂ္ဂိုလ်​ရေးကို ကာကွယ်ဖို့အတွက် အနက်​​ရောင်ထီးအကြီးကြီးနဲ့ ကာလိုက်​ပေမဲ့ သူမဟာ ရိုက်ကွင်းမှာရှိတဲ့ သရုပ်​ဆောင်​တွေနဲ့ ဝန်ထမ်း​တွေကို ဦးညွတ်နှုတ်ဆက်​နေတာကို ​တွေ့ရပါတယ်။ ​နောက်ပြီး ဒီဗီဒီယိုဟာ အ​တော်​လေးမှုန်ဝါး​နေ​ပေမဲ့လည်း Seo Ye Ji ရဲ့ ​တောက်ပတဲ့ အပြုံးနဲ့ ရွှင်လန်းတက်ကြွ​နေတဲ့ မျက်နှာထားကို မြင်​တွေ့နိုင်ပါတယ်။

ဒီလို Seo Ye Ji ရဲ့ ချိုသာယဉ်​ကျေးတဲ့ အကျင့်စရိုက်နဲ့ အပြုအမူ​​​တွေဟာ ယခင်က ပျံ့နှံ့ခဲ့တဲ့ ​ကောလဟာလ​တွေက​နေ အလွန်ကွာခြား​နေတာကိုလည်း သိရှိနိုင်ပါတယ်။ အင်တာနက်သုံးစွဲသူ အများစုက ဒီဗီဒီယိုကို ​တွေ့ပြီး​​နောက်မှာ Seo Ye Ji ကို ချီးကျူးခဲ့ကြပြီး သူမရဲ့ drama ကို ​မျှော်လင့်​နေကြပါတယ်။

သူတို့ဟာ “တစ်ခါက ဝန်ထမ်းတစ်​ယောက်က သူမကို အကျင့်မ​ကောင်းဘူး၊ အခြားသူ​တွေကို နှုတ်နဲ့ ရိုင်းစိုင်းစွာ ​ပြောဆိုဖူးတယ်လို့ စွပ်စွဲဖူး​ပေမဲ့ ငါက​တော့ သူမက အဲ့လိုလူလို့ လုံးဝမထင်ဘူး။ အခုဘယ်​လောက်ချိုသာလဲ ကြည့်ပါလား”၊

“၈ လကြာမှ ဝါးတားတားဗီဒီယိုထဲမှာ မြင်ရ​ပေမဲ့ သူမက ကြည့်​ကောင်း​နေတာပဲ။ ငါ​တော့ Seo Ye Ji ပြန်လာမှာကို ​​မျှော်​နေပြီ”၊ “ငါက​တော့ Seo Ye Ji က မ​ကောင်းတဲ့သူဆိုတာ အခုထိ မယုံ​​သေးဘူး။ ဖြစ်နိုင်တာက သူမက “It’s Okay To Not Be Okay” ဇာတ်​ကောင်လို ထူးခြားတဲ့ အကျင့်စရိုက်ရှိတာပဲ​နေမယ်”၊

“ရိုက်ကူး​ရေးအဆင်​ပြေဖို့ ​​မျှော်လင့်ပါတယ်”၊ “သူမရဲ့ ချစ်သူကို ထိန်းချုပ်တာက သူမရဲ့ သရုပ်​ဆောင်အလုပ်နဲ့ ဘာမှမဆိုင်ဘူး။ ဒါ​ကြောင့်နဲ့ စိတ်ပုတ်တဲ့သူလို့လည်း ​ပြောလို့မရဘူး။ Seo Ye Ji ရဲ့ comeback အတွက် စိတ်လှုပ်ရှား​နေပြီ” စသဖြင့် မှတ်ချက်ပြုခဲ့ကြပါတယ်။

“Eve’s Scandal” ဟာ ​ငွေ​ကြေးလုပ်ငန်းစုကြီးတစ်ခုနဲ့ ပတ်သက်​နေပြီး ဝမ် ၂ ထရီလီယံ ​လျော်​ကြေးရှိတဲ့ ကွာရှင်းဖို့ တရားစွဲဆိုမှုအ​ကြောင်းကို ရိုက်ကူးထားတဲ့ လျှို့ဝှက်ဆန်းကြယ်၊ သည်းထိတ်ရင်ဖို၊ အချစ်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Seo Ye Ji က ဉာဏ်ကြီးရှင်အ​ဖေနဲ့ လှပပြီး ကျက်သ​ရေရှိတဲ့ အ​မေတို့က ​မွေးဖွားလာတဲ့ Lee Ra El အဖြစ် သရုပ်​ဆောင်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ​နောက် ကံမ​ကောင်းအ​ကြောင်းမလှတဲ့ မိသားစု​ကိစ္စတစ်ခု​ကြောင့် Lee Ra El ဟာ လှပပြီး အဆိပ်ပြင်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ကာ ​အ​လျော်အစားကြီးတဲ့ အဲ့ဒီတရားစွဲဆိုမှုမှာ ပါဝင်ပတ်သတ်မိသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကို လာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

Source : Kbizoom
Photo : Instagram, Twitter
Written : ZL