BLACKPINK ရဲ့ သီချင်းအားလုံးဟာ Kpop သမိုင်းမှာ စံချိန်တစ်ခုအဖြစ် မှတ်ကျောက်တင်

Posted on

BLACKPINK ရဲ့ သီချင်းကောင်းပေါင်းများစွာဟာ ဂီတနားဆင်သူတွေကို ဖမ်းယူထားနိုင်တာကြောင့် အချိန်တိုအတွင်းမှာပဲ စံချိန်တွေတင်ထားတာ အမြောက်အမြားပါပဲ။ အဖွဲ့လိုက်အနေနဲ့ကော Solo အနေနဲ့ပါ အောင်မြင်တဲ့ BLACKPINK အဖွဲ့ဝင်တွေဟာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် Kpop သမိုင်းမှာ စံချိန်အသစ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းမှာပဲ BLACKPINK ရဲ့ အဖွဲ့လိုက်သီချင်းတွေအားလုံးသာ သတ်မှတ်ထားတဲ့ မှတ်‌တမ်းကို ကျော်လွန်ပြီး ဂုဏ်တင်ခဲ့တာပါ။ December 12 ရက်နေ့မှာတော့ BLACKPINK ရဲ့ “STAY” သီချင်းဟာ YouTube မှ ဝင်ရောက်ကြည့်ရှုနားဆင်သူ သန်း ၃၀၀ ကျော်သွားခဲ့ပါပြီ။

“STAY” သီချင်းလေးဟာ အဖွဲ့ဝင် (၄) ဦးစလုံးနဲ့ လိုက်ဖက်တဲ့ သီချင်းလေးဖြစ်ပြီး သေချာခံစားပြီးနား‌ဆင်ကြည့်ရင် မျက်ရည်ဝဲလောက်တဲ့အထိ အဓိပ္ပါယ်ပြည့်ဝလှပါတယ်။ နားဆင်သူတွေအကြိုက်တွေ့လှတဲ့သီချင်းလေးကတော့ သန်း ၃၀၀ ကျော်သွားတာနဲ့တပြိုင်နက် BLACKPINK အတွက် မှတ်တမ်းသစ်တစ်ခုဖြစ်လာပါတယ်။

“STAY” ဟာ 300 million views ရရှိတဲ့ ၁၀ ပုဒ်မြောက်သော အဖွဲ့လိုက်သီချင်းဖြစ်လာပြီး “BOOMBAYAH,” “As If It’s Your Last,” “DDU-DU DDU-DU,” “Playing With Fire,” “Whistle,” “Kill This Love,” “How You Like That,” “Ice Cream,” “Lovesick Girls” တို့ကလည်း သန်း ၃၀၀ ကျော်ပြီးသားပါ။

၂၀၁၆၊ နိုဝင်ဘာ (၁) ရက်နေ့မှာထွက်ရှိခဲ့တဲ့ “STAY” ဟာ ၅ နှစ်၊ ၁ လ နဲ့ ၁၁ ရက်အတွင်းမှာ အခုလိုမှတ်တမ်းကိုရရှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် နောက်ဆုံးအောင်မြင်မှုမှတ်တမ်းအရ BLACKPINK ရဲ့ အဖွဲ့လိုက်သီချင်းများအားလုံးဟာ YouTube ရဲ့ စံတစ်ခုကို ကျော်လွန်သွားပါပြီ။

ထွက်ရှိသမျှ MV အားလုံး သန်း ၃၀၀ ကျော်တဲ့စံချိန်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ BLACKPINK အတွက် ဂုဏ်ယူရပါတယ်။ Comeback လုပ်ဖို့လည်း အရိပ်အမြွက်တွေပြနေတာမို့လို့ ကောင်မလေး (၄) ယောက်ကို အပီအပြင် Support ဖို့ အားမွေးထားကြရပါဦးမယ်။

Source: Soompi
Photos: Kpopping
Translated by Ivy