ဘယ်အမျိုးသားအနုပညာရှင်မှ မလုပ်နိုင်သေးတဲ့ စံချိန်တစ်ခုကိုချိုးခဲ့တဲ့ EXO အဖွဲ့ဝင် Baekhyun

Posted on

Kpop လောကရဲ့ ဒိတ်ဒိတ်ကြဲ idol တစ်ဦးဖြစ်သူ Byun Baekhyun ဟာ EXO အဖွဲ့ထဲမှာ popular အဖြစ်ဆုံး member ဖြစ်သလို soloist တစ်ဦးအနေနဲ့လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဦးဆုံး mini album “City Light” album ထွက်ရှိတုန်းကဆို ၁၉ နှစ်အတွင်း အရောင်းရဆုံး million seller တစ်ဦး အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ထို့အတူပါဘဲ။ ဒုတိယ album “Delight” ထွက်ရှိတော့လည်း album တွေဟာ သန်းနဲ့ချီရောင်းချခဲ့ရပြီး “Double Million Seller” အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ 2021 ခုနှစ်မှာတော့ တတိယ album “Bambi” ထွက်ရှိပြီး သိပ်မကြာခင်မှာ Baekhyun ဟာ စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ခဲ့ပါတယ်။

“Bambi” album နဲ့ Baekhyun ဟာ စံချိန်တွေချိုးနိုင်ခဲ့ပါတယ်။ Hanteo မှာဆို 1million အချပ်ရေ ပထမဆုံးရောင်းချနိုင်ခဲ့တဲ့ အနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြောရမယ်ဆို Baekhyun ရဲ့ အောင်မြင်မှုတွေဟာ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေပါပြီ။

ဒါပေမဲ့လည်း ပရိတ်သတ်ကြီးရေ … Baekhyun ဟာ ဒီနှစ်ကုန်မှာ ဘယ်အမျိုးသားအနုပညာရှင်မှ မလုပ်နိုင်သေးတဲ့စံချိန်ကို ထပ်ချိုးနိုင်ခဲ့ပြန်ပါတယ်။ အာ့တာကတော့ Korea နိုင်ငံရဲ့ အထင်ကရ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ MAMA ပွဲမှာ သုံးနှစ်ဆက်တိုက် “အကောင်းဆုံးအမျိုးသားအနုပညာရှင်” အဖြစ် ဆု ရရှိခဲ့တာပါဘဲ။

Solo Album 3 ခုနဲ့ နှစ်တိုင်းဆုတွေရနေတာ Baekhyun ဘဲရှိပါသေးတယ်နော်။ စစ်မှုထမ်းပြီးပြန်လာရင်လည်း အနုပညာလုပ်ငန်းတွေပြန်လုပ်ပြီး ဘယ်လိုစံချိန်တွေထပ်ချိုးမလဲဆိုတာ ရင်ခုန်နေပါပြီ…

Source: Twitter
Photo Credit: Twitter
Written: Violet