Kim Seon Ho အစား “2 O’Clock Date” ဇာတ်ကားမှာ Yoon A နဲ့အတူ တွဲသရုပ်​ဆောင်သွားမယ့် Ahn Bo Hyun

Posted on

“My Name”, “Yumi’s Cells” ဇာတ်လမ်းတွဲ​တွေရဲ့ မင်းသား Ahn Bo Hyun နဲ့ Girls’ Generation အဖွဲ့ဝင်ဖြစ်သလို မင်းသမီးတစ်ဦးဖြစ်တဲ့ Yoon A တို့ကို “2 O’Clock Date” ရုပ်ရှင်ကားရဲ့ အဓိကသရုပ်​ဆောင်​တွေအဖြစ် အတည်ပြုလိုက်ပြီလို့ ဒီဇင်ဘာလ ၁၄ ရက်​နေ့မှာ Filmmaker R&K က ​ပြောကြားလိုက်ပါတယ်။

ယခင်က ဒီဇာတ်ကားရဲ့ ​​ခေါင်း​ဆောင်မင်းသား​နေရာအတွက် မင်းသား Kim Seon Ho ကို ​ရွေးချယ်ထား​ပေမဲ့ မကြာ​​သေးခင်က ဖြစ်​ပေါ်ခဲ့တဲ့ ပြဿနာ​တွေ​ကြောင့် Filmmaker R&K က မင်းသား Ahn Bo Hyun နဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Filmmaker R&K က “Miracle: Letters to the Preisdent” နဲ့ “Confidential Assignment” တို့လို ဇာတ်ကားကြီး​တွေနဲ့ သူမရဲ့ အထင်ကြီး​လေးစား​လောက်စရာ သရုပ်​ဆောင်စွမ်းရည်ကို ပြသခဲ့တဲ့ Yoon A က ​ခေါင်း​ဆောင်မင်းသမီးအဖြစ် သရုပ်​ဆောင်သွားမှာဖြစ်ပြီး “Itaewon Class” နဲ့ “Yumi’s Cells” ဇာတ်လမ်းတွဲမှာ မတူညီတဲ့ ဇာတ်ရုပ်အမျိုးမျိုးကို ပိုင်နိုင်စွာ သရုပ်​ဆောင်နိုင်ခဲ့ပြီး ​တောက်ပတဲ့ ​ငွေကြယ်ပွင့်ဖြစ်လာတဲ့ Ahn Bo Hyun က ​ခေါင်း​ဆောင်မင်းသားအဖြစ် သရုပ်​ဆောင်သွားမှာဖြစ်ပါတယ်လို့ ​ပြောကြားခဲ့ပါတယ်။

“2 O’Clock Date” ရုပ်ရှင်ကားဟာ လျှို့ဝှက်ချက်အကြီးကြီးတစ်ခုရှိ​နေတဲ့ အမျိုးသမီးတစ်​ယောက်နဲ့ အဲ့ဒီအမျိုးသမီးရဲ့ အိမ်​ပေါ်ထပ်မှာ ​နေထိုင်တဲ့ အမျိုးသားတို့ကြားက အချစ်ဟာသဇာတ်လမ်း​လေးဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ​နေ့တိုင်းလိုလို ​အမှတ်မထင် တွေ့ဆုံမိ​​နေရာက​နေ ဘာဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ယခင်က Yoon A ရဲ့ နာမည်ကြီးဇာတ်ကား “EXIT” ကို ရိုက်ကူးခဲ့ဖူးတဲ့ ဒါရိုက်တာ Lee Sang Geun က ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL