‘လီရှင်း’ အဖြစ် ထပ်မံသရုပ်ဆောင်ခွင့်ရ‌ချင်တဲ့ အကြောင်းအရင်းအား တွေးဆပြောပြလာသူ Ju Ji Hoon

Posted on

‘Princess Hours’ (ရွှေမင်းသားလေး ချစ်ပုံပြင်) ဇာတ်လမ်းကတော့ ဒီနေ့တိုင်အောင် နာမည်ကြီးနေဆဲဖြစ်တဲ့ Ju Ji Hoon ရဲ့ ပွဲဦးထွက်ဇာတ်လမ်းတွဲပါ။ ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိထားတာတောင် ဘယ်အချိန်မဆို ပြန်ကြည့်တိုင်း ကြည့်ကောင်းနေဆဲပါပဲ။ ဒီဇာတ်လမ်းကြောင့် အတိတ်က မြောက်မြားစွာသောပရိသတ်တွေရဲ့ ကဲ့ရဲ့ဝေဖန်သံ‌တွေများစွာရရှိခဲ့ဖူးကြောင်း ပြောခဲ့တဲ့ Ji Hoon သာ အကယ်၍ ‘Princess Hours’ သာ ပြန်ရိုက်ရင် ‘လီရှင်း’ အဖြစ် ထပ်မံသရုပ်ဆောင်ခွင့်ရချင်သေးကြောင်း ပြောပြလာခဲ့ပါတယ်။

December လအတွင်းမှာပဲ Ju Ji Hoon နဲ့ အင်တာဗျူးပြုလုပ်ခဲ့တဲ့ ဖက်ရှင်မဂ္ဂဇင်းတစ်ခုဟာ သူတို့ရဲ့ YouTube channel မှာပဲ Ji Hoon ရဲ့ ဗီဒိယိုကို တင်ပေး‌ခဲ့ပါတယ်။ မေးမြန်းတဲ့အခါ အတိတ်ကဇာတ်ကောင်တွေထဲက ပြန်ပြီးသရုပ်ဆောင်ချင်တဲ့ role မျိုးရှိလားလို့ မေးခဲ့ပါတယ်။ တုံ့ဆိုင်းခြင်းမရှိဘဲ Ju Ji Hoon က “ပြန်ပြီးသရုပ်ဆောင်ခွင့်ရမယ်ဆိုရင် ‘Princess Hours’ ပဲ ဖြစ်ပါလိမ့်မယ်။ အကြောင်းအရင်းက ရှင်းပါတယ်။

‘Princess Hours’ ထဲမှာ သရုပ်ဆောင်တုန်းက ကျွန်တော့်ရဲ့ ဟန်ချက်တွေ၊ ပီပြင်မှုတွေက ခုလောက်မကောင်းသေးဘူး။ အဲ့ဇာတ်ကောင်ကို အရည်အချင်းအပြည့်မရှိသေးဘဲ ရိုက်ကူးခဲ့ရသလို ဖြစ်သွားခဲ့ပါတယ်။  အခု ကျွန်တော့်ရဲ့ သရုပ်ဆောင်စွမ်းရည်က တိုးတက်လာပါပြီ။ ဒါကြောင့်မို့လို့ ‘အိမ်ရှေ့မင်းသား Lee Shin’ အဖြစ် တဖန်ပြန်လည်သရုပ်ဆောင်ခွင့်ရမယ်ဆိုရင် ဘယ်လိုနေလောက်လဲ ဆိုတာ သိချင်ပါတယ်။ ‘Princess Hours’ က Remade ရိုက်မယ့်အကြောင်းလည်း သိထားပါတယ်။

ဒါပေမဲ့ ကျွန်တော်က ‘လီရှင်း’ ဇာတ်ကောင်အတွက် အသက်ကြီးလွန်းနေပြီဆိုတော့ တကယ် ဝင်ပြီးသရုပ်ဆောင်ဖို့က အဆင်မပြေဘူးပေါ့။ အကယ်၍များ ‘လီရှင်း’ နေရာကို ကမ်းလှမ်းခဲ့မယ်ဆိုရင် သရုပ်ဆောင်ဖို့ သေချာပေါက် စဉ်းစားသွားမှာပါ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

Remake မှာ ‘လီရှင်း’ ဇာတ်ကောင်နေရာအတွက် လိုက်ဖက်မယ့် မင်းသားငယ်လေး‌တွေကိုတော့ Netizen တွေက ရွေးချယ်နေကြပါတယ်။ Ju Ji Hoon ကတော့ မူလလက်ဟောင်း ဖန်တီးရှင်ဖြစ်ပြီး ဒီဇာတ်ကောင်နဲ့တင် များစွာသောပရိသတ်တွေရဲ့ အချစ်ဦးမင်းသားတောင် ဖြစ်ခဲ့ကြပါတယ်။ ‘Princess Hours’ Remake ကတော့ ပြင်ဆင်နေဆဲဖြစ်လို့ ဘယ်သူတွေနဲ့ ရိုက်ကူးသွားမလဲဆိုတာ နားစွင့်နေကြပါဦးနော်။

Source: SBSstar
Photos: Naver
Translated by Ivy