ကြည့်ရှူရဖို့ သိပ်မလိုတော့တဲ့ Kang Ha Neul, Han Hyo Joo, Lee Kwang Soo, Sehun တို့ပါတဲ့ ရုပ်ရှင်ဇာတ်ကားကြီး

Posted on

2014 ခုနှစ်မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ‘The Pirates’ ကားရဲ့ အဆက် “The Pirates: Goblin Flag” ဟာ နောက်နှစ် 2022 ခုနှစ်ဆို ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အကျဉ်းကတော့ “တော်ဝင်မိသားစု က ပျောက်သွားတဲ့ ရတနာတွေကို စည်းလွတ်ဘောင်လွတ် ပင်လယ်ဓားပြတွေက ရအောင်ရှာကြမဲ့ အကြောင်းဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား Kang Ha Nuel က ဂေါ်ယိုရဲ့အကောင်းဆုံးဓားသမား “Moo Chi” အဖြစ် သရုပ်ဆောင်ထားပါတယ်။ Happiness ကားနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Han Hyo Joo ကတော့ ပင်လယ်ဓားပြလှေပိုင်ရှင်အစစ် “Hae Rang” အဖြစ် သရုပ်ဆောင်ထားပါတယ်။

အားလုံးရဲ့အချစ်တော် Lee kwang Soo ကတော့ တနေ့မှာ ဘုရင်မှာဖြစ်ရမယ်လို့ အမြဲစိတ်ကူးယဉ်နေတဲ့ “Mak” အဖြစ် သရုပ်ဆောင်ထားပြီး EXO အဖွဲ့ဝင် Sehun ကတော့ ဘယ်တော့မှပစ်မှတ်မလွဲတဲ့ အတော်ဆုံး လေးသည်တော် “Han Goong” အဖြစ် သရုပ်ဆောင်ထားပါတယ်။

မင်းသမီး Chae Soo Bin ကတော့ လှပတဲ့အမျိုးသမီးလေး “Hae Geum” အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ 2022 ခုနှစ် January လ မှာ ပြသမှာ ဖြစ်ကြောင်းသိရပြီး ရုပ်ရှင် poster တွေပါ ထွက်ရှိလို့လာပါပြီ။ “Pirates 1” ကားထဲကလိုမျိုး အောင်မြင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

Source: Allkpop
Photo Credit: Allkpop
Written: Violet