Games RM SUGA
Games RM SUGA

ကြယ်ပွင့်တွေဟာ အကူအညီမပါဘဲလည်း လုပ်နိုင်ကိုင်နိုင်ကြောင်း RM နဲ့ SUGA တို့ အခိုင်အမာပြောဆို

Posted on

အနုပညာရှင်ကြယ်ပွင့်တွေဆိုရင် အဖက်ဖက်က လုပ်ကိုင်ပေးဖို့အတွက် မန်နေဂျာတွေကိုယ်စီရှိကြပါတယ်။ ဒီတော့ တော်တော်များများရဲ့အထင်မှာ idol တွေအနေနဲ့ မန်နေဂျာ (သို့) အခြားသူတွေရဲ့ အကူအညီမပါဘဲ ဘာမှမလုပ်တတ်ကြဘူးလို့ ထင်တတ်ကြပါသေးတယ်။

ဒီလိုအမြင်တွေကိုတော့ RM နဲ့ SUGA က ကိုယ်တွေ့လှုပ်ရှားမှုတွေကို ပြောပြရင်း အားလုံးကိုယ်စား ရှင်းလင်းခဲ့ကြပါတယ်။ မကြာသေးခင်က HYBE ဟာ BTS အဖွဲ့ရဲ့ ၂၀၂၁ နှစ်ကုန်စကားပြောဆွေးနွေးကြတဲ့ Viedo တစ်ခု တင်ပေးခဲ့ပါတယ်။

အနာဂတ်မှာ ဖြစ်ချင်သမျှကိုပြောပြနေရင်း RM က “ကျွန်တော်တစ်ယောက်တည်း ဟိုဟိုဒီ‌ဒီလျှောက်သွားတာကိုမြင်တိုင်း လူတိုင်းက အံ့ဩကြကြောင်း” စကားစလာခဲ့ပါတယ်။ RM က “ကျွန်တော့်ရဲ့မန်နေဂျာမပါဘဲ တနေရာရာကို သွားမိရင် ‌တွေ့သမျှလူတိုင်းက ‘Oh.. မင်းရဲ့မန်နေဂျာမပါဘဲ ဒီကိုလာတယ်.. ဟုတ်လား?’ ဆိုပြီး အ‌မြဲအမေးခံရတယ်။

ပြီးကျ အံ့ဩကုန်ကြရော။ ကျွန်တော့်ဘာသာ ကျွန်တော်လည်း ကောင်းကောင်းမွန်မွန်ကြီးကို သွားတတ်လာတတ်ပါတယ်။ ဒါပေမဲ့လည်း လူတွေက ကျွန်တော့်ရဲ့ လုံခြုံရေးနဲ့ အခြေအနေအရပ်ရပ်ကို စိတ်ပူပေးကြပါတယ်။

သူတို့တွေရဲ့အတွေးက မှားတယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ K-pop star တွေက သူတို့ကိုယ်တိုင် လုပ်နိုင်စွမ်းမရှိဘူးဆိုပြီးတော့ တော်တော်များများက တွေးတတ်ကြလို့ပါ” ဆိုပြီး ဦးစွာပြောခဲ့ပါတယ်။

SUGA ကလည်း ထောက်ခံစွာနဲ့ “ကျွန်တော်လည်း အိမ်က အိမ်ထောင်စုစာရင်းမိတ္တူလုပ်ဖို့ နယ်မြေကွပ်ကဲရုံးကို ကိုယ့်ဘာသာကိုသွားခဲ့သေးတယ်။ ကျွန်တော်လည်း လုပ်နိုင်သမျှအားလုံးကို ကိုယ်တိုင်ပဲ လုပ်တယ်!” လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

အဆုံးသတ်‌အနေနဲ့ RM က “ဟုတ်တယ်.. ကျွန်တော်ပြောချင်တာလည်း အဲ့တာပါပဲ။ လူတိုင်းကို သိထားစေချင်တာကလေ K-pop star တွေဆိုတာလည်း မန်နေဂျာနဲ့ တခြားသူတွေရဲ့ အကူအညီမပါဘဲလည်း သူတို့ကိုယ်တိုင် လုပ်နိုင်ကိုင်နိုင်ကြပါတယ်” လို့ ရီ‌ရင်း အခိုင်အမာပြောသွားခဲ့ပါတော့တယ်။

Kpop နယ်ပယ်ထဲမှာကတော့ မန်နေဂျာတွေနဲ့ Idol တွေက အမြဲတမ်း တပူးပူးတတွဲတွဲနဲ့ တအားကိုရင်းနှီးပြီး ဆက်‌ဆံရေးတွေကောင်းကြပါတယ်။ တခါတလေမှာလည်း မန်နေဂျာမပါဘဲ ဟိုဟိုဒီဒီသွားလာတတ်တဲ့ idol တွေလည်းရှိတာမို့လို့ မတော်တဆများ တွေ့မိခဲ့ရင် သူတို့ရဲ့လွတ်လပ်ခွင့်ကိုတော့ လေးစားပေးရပါမယ်နော်။

Source: SBSstar
Photos: HYBE
Translated by Ivy