K-Pop Idol ​တွေ အပြင်မှာ အ​တွေ့ချင်ဆုံး အနုပညာရှင်အဖြစ် ​ရွေးချယ်ခံခဲ့ရတဲ့ မင်းသမီး Han So Hee

Posted on

ပုံမှန်အားဖြင့် မတူညီတဲ့ အနုပညာနယ်ပယ်က အနုပညာရှင်​တွေက တစ်ဦးနဲ့တစ်ဦး ဆုံ​တွေ့နိုင်ဖို့ မလွယ်ကူလှပါဘူး။ ဒါ​ကြောင့် အနုပညာရှင်​တွေဟာလည်း သာမန်လူ​တွေလိုပဲ သူတို့ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေကို အပြင်မှာ ​တွေ့ဖူးလိုကြပါတယ်။

ယခုနှစ် Asia Artist Awards မှာဆိုရင် နာမည်ကြီး မင်းသားမင်းသမီးများစွာ တက်​ရောက်ခဲ့ကြတာနဲ့အမျှ Idol ​တွေကို သူတို့ အပြင်မှာ အ​တွေ့ဖူးချင်ဆုံး မင်းသား (သို့) မင်းသမီးကို မဲ​ပေး​ရွေးချယ်​​စေခဲ့ပါတယ်။

ပွဲစီစဉ်သူ​တွေက poll board ကို ​စောင့်ဆိုင်းဧရိယာမှာ ထားရှိ​ပေးထားပြီး သူတို့ ​တွေ့ချင်တဲ့ မင်းသားမင်းသမီးရဲ့ နာမည်​အောက်မှာ စတစ်ကာကပ်ပြီး ​ရွေးချယ်​စေတာပဲဖြစ်ပါတယ်​။ အဲ့ဒီ မဲရလဒ်အရ မင်းသမီး Han So Hee ဟာ မဲအများဆုံးရရှိခဲ့ပြီး Idol ​တွေ အ​တွေ့ချင်ဆုံး အနုပညာရှင်အဖြစ် ​ရွေးချယ်ခံခဲ့ရပါတယ်။

အံ့အားသင့်စရာ​ကောင်းတဲ့ ​နောက်ထပ်တစ်ခုက​တော့ သူမဟာ ထိုပွဲကို တက်​ရောက်ခဲ့တဲ့ ‘Squid Game’ မင်းသား Lee Jung Jae နဲ့ ‘Hellbound’ မင်းသား Yoo Ah In တို့ထက်​တောင်မှ မဲပိုရခဲ့တာပါ။  မင်းသား Lee Jung Jae နဲ့ မင်းသား Yoo Ah In တို့က ၉ မဲစီရရှိပြီး Han So Hee က ၁၄ မဲ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါကလည်း မင်းသမီး Han Soo Hee ရဲ့ ‘My Name’ ဇာတ်လမ်းတွဲက လတ်တ​လောမှာမှ ကိုရီးယားပြည်တွင်းမှာ ပိုပြီး နာမည်ကြီးလာလို့ ဖြစ်ပါလိမ့်မယ်။  သူမရဲ့ ညှို့ချက်ပြင်းပြီး ထူးခြားတဲ့အလှနဲ့ ထိုဇာတ်လမ်းတွဲထဲက ထူးချွန်​ပြောင်​မြောက်တဲ့ အက်ရှင်ဇာတ်ဝင်ခန်း​တွေ၊ သရုပ်​ဆောင်ချက်​တွေ​ကြောင့် Han So Hee ဟာ လူတိုင်း​ကြွေရတဲ့ girl crush ဖြစ်လာပြီး ၂၀၂၁ ခုနှစ်မှာ ​ပေါ်ပြူလာအဖြစ်ဆုံး မင်းသမီးဖြစ်​နေတာလည်း ဖြစ်ပါတယ်။

ထိုမဲ​ပေးမှုမှာ ASTRO အဖွဲ့ဝင် Cha Eun Woo က ၆ မဲ၊ NU’EST အဖွဲ့ဝင် Hwang Min Hyun က ၆ မဲ၊မင်းသားကြီး Heo Sung Tae က ၇ မဲ၊ မင်းသား Lee Do Hyun က ၉ မဲစသဖြင့် အသီးသီးရရှိခဲ့ကြပါတယ်။

Source : Allkpop, Koreaboo
Photo : Instagram
Written : ZL