Lady Gaga, Harry Style အစရှိတဲ့ Fashion Icon တွေနဲ့ အပြိုင် 2021 ခုနှစ်ရဲ့ အကောင်းဆုံး Dresser စာရင်းထဲမှာ ပါလာတဲ့ Kai

Posted on

2021 ခုနှစ်ကုန်လို့ 2022 ခုနှစ်တောင် ရောက်ပါတော့မယ်နော်။ တစ်နှစ်တာရဲ့ အကောင်းဆုံးစာရင်းတွေဟာ ထွက်ရှိလို့လာခဲ့ပါပြီ။ ဒီတခါမှာတော့ “တကမ္ဘာလုံးမှာ 2021 ခုနှစ်ရဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်တတ်ဆုံး ကမ္ဘာကျော်အနုပညာရှင် 10 ယောက်” ကို ဖော်ပြသွားပါမယ်။

(1) Zendaya

(2) Dua Lipa

(3)Lil Nas X

(4) Hailey & Justin Bieber

(5) Kai

(6) A$AP Rocky & Rihanna

(7) Tyler, The Creator

(8)Harry Styles

(9)Jennifer Lopez

(10) Lady Gaga

ဒီ List ဟာ Fan vote နဲ့ ရွေးထားတာမဟုတ်ဘဲ 2021 ခုနှစ် တစ်နှစ်ပတ်လုံး ဘယ်သူ့နာမည်က online မှာ ဘယ်လောက် ရှာဖွေခံထားရသလဲ၊ Fashion နဲ့ ပက်သက်ရင် ဘယ်လောက် ဩဇာညောင်းသလဲ ဆိုတာ ကြည့်ပြီး နာမည်ကြီး British Fashion Magazine ဖြစ်တဲ့ “Glamour Magazine” က စာရင်းပြုစုဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီစာရင်းမှာ တကယ့် ခေတ်အဆက်ဆက် Fashion Icon ဖြစ်တဲ့ Western Celebrity တွေချည်းသာပါပြီး အာရှသားဆိုလို့ Korean ဖြစ်တဲ့ EXO အဖွဲ့ဝင် Kai တစ်ယောက်သာ ပါဝင်ပါတယ်။ Kai ဟာ ဒီစာရင်းမှာ Harry Style , Lady Gaga တို့လိုမျိုး နာမည်ကြီးတွေကို ကျော်ပြီး No.(5) နေရာမှာ ခုလိုဖော်ပြခြင်းခံခဲ့ရပါတယ်။

“EXO အဖွဲ့ဝင်ဖြစ်တဲ့ Kai ဟာ 2020 ခုနှစ်မှာ Solo အနေနဲ့ စ လှုပ်ရှားနေတဲ့သူပါ။ သူဟာ နာမည်ကြီး Italian Fashion House ဖြစ်တဲ့ Gucci နဲ့ ပထမဆုံး လက်တွဲခဲ့တဲ့ Korea အနုပညာရှင် ဖြစ်ပါတယ်။ Kai နဲ့ Gucci တို့ရဲ့ collaboration collection ဟာ April လ မှာ ထွက်ရှိခဲ့ပြီး ခဏလေးနဲ့ sold out မြန်ခဲ့တယ်။ Online search တွေမှာလည်း Kai ကြောင့် Gucci ကို ရှာဖွေကြတာ 264% ထိ တောင်ရှိခဲ့ပါတယ်”

Source : Teen Vogue
Photo Credit: Teen Vogue
Written : Violet