အင်္ဂလန်ရဲ့ အမြင့်ဆုံးဆုစာရင်းမှာ စကာတင်ဝင်နိုင်တဲ့ First & Only Kpop အဖွဲ့ BTS

Posted on

၂၀၂၁ ကုန်ဆုံးတော့မှာဖြစ်လို့ တနှစ်တာပတ်လုံးအကောင်းဆုံးကြိုးစားခဲ့သမျှ အနုပညာဖန်တီးမှုတွေကို နှစ်ကုန်ဆုပေးပွဲအဖြစ် နိုင်ငံအနှံ့က ကျင်းပချီးမြှင့်နေပါတယ်။ အင်္ဂလန်လို ကိန်းဂဏန်းကြီးစွာနေထိုင်ကြတဲ့ နိုင်ငံက ကျင်းပမယ့် နှစ်ကုန်ဆုပေးပွဲအခမ်းအနားကတော့ အမြင့်ဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ထဲမှာ UK က ကျင်းပချီးမြှင့်မယ့် BRIT Awards ဆုပေးပွဲအခမ်းအနားအတွက် စကာတင်ဆုစာရင်းရှင်များစာရင်းက ထွက်ပေါ်လာပြီဖြစ်ပြီး Kpop အနေနဲ့ပါတင်လာတဲ့ တဖွဲ့တည်းသောအဖွဲ့ကတော့ BTS ပါပဲ။

December 18 ရက်နေ့မှာပဲ the British Phonographic Industry (BPI) ဖက်က‌နေ 2022 BRIT Awards အတွက် စကာတင်ဆုစာရင်းဝင်တွေကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။  အင်္ဂလန်ရဲ့ အမြင့်‌ဆုံး ဂီတဆုတစ်ခုဖြစ်တာကြောင့် ဂီတပညာရှင်တိုင်း တပ်မက်ကြတဲ့ ဂုဏ်ယူစရာဆုတစ်ခုလည်းဖြစ်ပါတယ်။ BRIT Award မှာ စကာတင်ဝင်နိုင်တဲ့ Kpop အဖွဲ့ဆိုလို့ BTS ပဲ ရှိပါသေးတယ်။

ပထမဆုံးနှင့် တဖွဲ့တည်းသော ဆုစာရင်းဝင် BTS အတွက်ကတော့ ဒီနှစ်နဲ့ဆိုရင် စကာတင်ဝင်နိုင်ခဲ့တာ ၂ ကြိမ်တိုင်ရှိပါပြီ။ မနှစ်ကလိုပဲ Best International Group ဆုအတွက် ဆုဝင်လာတာဖြစ်ပြီး နာမည်ကျော်ဂီတအဖွဲ့တွေဖြစ်တဲ့ ABBA, Måneskin, Silk Sonic, The War on Drugs နဲ့အပြိုင် ဆုရဖို့ ရင်ခုန်ရတော့မှာပါ။

2022 BRIT Awards ကတော့ လာမယ့် February 8 ရက်နေ့မှာ ကျင်းပမှာဖြစ်လို့ အချိန်တော့လိုပါသေးတယ်။ အနောက်နိုင်ငံရဲ့ အခမ်းနားဆုံးဆုပေးပွဲမှာ စကာတင်ဝင်နိုင်တဲ့ တဖွဲ့တည်းသော Kpop အဖွဲ့ဖြစ်တဲ့ BTS အတွက်ကတော့ ထပ်မံဂုဏ်ယူရပြန်ပါပြီ။

Source: Soompi
Photos: BigHit
Translated by Ivy