ARMY ​တွေရဲ့ group chat ထဲကို စာ​တွေပို့ခဲ့လို့ ARMY ​တွေဆီက အဆူခံခဲ့ရဖူးတဲ့ V

Posted on

Weverse လို fan platform ​တွေ မ​ပေါ်မီက V ဟာ ARMY ​တွေနဲ့ ဆက်သွယ်စကား​ပြောချင်တဲ့အတွက် ညသန်း​ခေါင်ကြီး ARMY ​တွေရဲ့ group chat ကို join ခဲ့ဖူးပါတယ်။ ဒါ​​ပေမဲ့ ကိစ္စ​တွေဟာ V စိတ်ကူးထားတဲ့အတိုင်း အဆင်​ပြေ​ပြေဖြစ်မလာပဲ သူ့ကိုယ်သူ V လို့ အ​ယောင်​ဆောင်တဲ့ ထူးဆန်းတဲ့သူအဖြစ် ARMY ​တွေရဲ့ အဆူအ​ငေါက်ကို​တောင် ခံလိုက်ရပါ​သေးတယ်။ ဒီအဖြစ်အပျက်ဟာ လူ​တော်​တော်များများ အိပ်​မောကျ​နေတဲ့ ည ၃ နာရီအချိန်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

@BTS ARMY ပုံကိုနိုပ်ပြီးကြည့်ပါ

အဲ့ဒီအချိန်မှာ V က ARMY ​တွေနဲ့ ဆက်သွယ်လိုတဲ့အတွက် Kakaotalk group chat ကို join ခဲ့တာပါ။ V ဟာ group chat ကို join ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရသလို ဒီလို fan chatroom ​တွေရဲ့ စည်းမျဉ်း​တွေနဲ့ မရင်းနှီးတဲ့အတွက် ARMY ​တွေဆီက သံသယအဝင်ခံခဲ့ရပြီး အဆူခံခဲ့ရပါတယ်။ Chat ထဲကို ဝင်ဝင်ချင်းမှာပဲ စည်းမျဉ်းအရ username ကို တကယ့်နာမည်အရင်းကိုပဲထားရမယ်ဆိုတဲ့အတွက် Kim Taehyung ဆိုပြီး သူ့ရဲ့ နာမည်အရင်းကိုပဲ သုံးခဲ့​ပေမဲ့ သူတို့ရဲ့ idol Kim Taehyung ဖြစ်လိမ့်မယ်လို့​တော့ ဘယ်သူကမှ မယုံခဲ့ကြပါဘူး။

@BTS ARMY ပုံကိုနိုပ်ပြီးကြည့်ပါ

V ကရှင်းပြဖို့ ကြိုးစား​ပေမဲ့လည်း အားလုံးက လျစ်လျူရှုခဲ့ကြပါတယ်။ ဒါ့အပြင် V ဟာ chat ထဲကို စာ​တွေပို့ခဲ့တဲ့အတွက် ဒဏ်​ကြေးလည်း ​ဆောင်ခဲ့ရပါ​သေးတယ်။ ဘာ​ကြောင့်လဲဆို​​တော့ chat room ရဲ့ စည်းမျဉ်းအရ group member ​တွေဟာ ပုံ​တွေ၊ sticker ​တွေနဲ့ပဲ တစ်​ယောက်နဲ့ တစ်​ယောက် ဆက်သွယ်ရမှာဖြစ်ပါတယ်။

ဒီအတွက် V ဟာ ​တောင်းပန်ခဲ့ပြီး group ရဲ့ စည်းမျဉ်း​တွေကို လိုက်နာဖို့ ကြိုးစား​ပေမဲ့လည်း အ​ခြေအ​​နေ​တွေက ပိုရှုပ်​ထွေးလာခဲ့ပါ​တော့တယ်။ ဒါ​ကြောင့် V ဟာ group chat ထဲက​နေ ဖယ်ထုတ်မခံရ​အောင်နဲ့ သူ့ရဲ့ သရုပ်မှန်ကို သက်​သေပြဖို့အတွက် “ကျွန်​တော် V အ​ယောင်​ဆောင်တာ မဟုတ်ပါဘူး” လို့ အသံမက်​ဆေ့ဂျ်ပို့ခဲ့ပြီး ဒီလို အသံမက်​ဆေ့ဂျ်ပို့​နေချိန် ဗီဒီယိုရိုက်ပြီး Twitter မှာလည်း update လုပ်ခဲ့ပါတယ်။

​နောက်ဆုံးမှာ​တော့ ARMY ​​တွေက လုံးဝမယုံကြည်တဲ့အတွက် V ဟာ ARMY ​​တွေကို နှုတ်ဆက်ပြီး group chat ထဲက ထွက်ခဲ့ပါ​တော့တယ်။ သူဟာ fan chat room ​တွေရဲ့ စည်းမျဉ်း​တွေကို ​​သေချာ​လေ့လာပြီး ပြန်လာခဲ့ပါဦးမယ်လို့လည်း ​​ပြောခဲ့ပါ​သေးတယ်။ တခြား ARMY ​တွေကလည်း V ရဲ့ ချိုမြိန်ပြီး ချစ်စရာ​ကောင်းတဲ့ လုပ်ရပ်​လေး​ကြောင့် ​ကရုဏာသက်ခဲ့ကာ အချစ်​တွေပိုလို့ တိုးလာခဲ့ပါတယ်။ အခု​တော့ V ဟာ ခက်ခဲရှုပ်​ထွေးတဲ့ စည်းမျဉ်း​တွေကို လိုက်နာစရာ မလို​တော့ပဲ Instagram နဲ့ Weverse တို့က​​နေ ARMY ​တွေနဲ့ မကြာမကြာ ဆက်သွယ်လို့ ရ​နေပြီဖြစ်ပါတယ်။

@BTS ARMY ပုံကိုနိုပ်ပြီးကြည့်ပါ

Source : worldhours24
Photo : worldhours24
Written : ZL