စိတ်တူကိုယ်တူ Jimin , Kai , Taemin သူငယ်ချင်း ၃ယောက်ရဲ့ ချစ်စရာအမူအကျင့်လေးတွေ

Posted on

Kpop လောကမှာ ဒိတ်ဒိတ်ကြဲ Boy Group တွေဖြစ်တဲ့ Shinee, EXO, BTS အဖွဲ့က Taemin , Kai , Jimin တို့ဟာ အရမ်းရင်းနှီးကြပါတယ်။ သူတို့ရဲ့ squad ကို “Padding Squad” လို့နာမည်ပေးထားပြီး “Padding Friends” ဆိုပြီး လူသိများပါတယ်။ ဒီအဖွဲ့ထဲမှာ သူတို့ ၃ယောက်အပြင် Wanna One အဖွဲ့ဝင် Ha Sungwoon, VIXX အဖွဲ့ဝင် Ravi, HOTSHOT အဖွဲ့ဝင် Timoteo နဲ့ celebrity မဟုတ်တဲ့ Jung Kwon Ho တို့လည်း ပါဝင်ပါတယ်။

ထိုအဖွဲ့ထဲမှာ Taemin ဟာ ဘယ်အရာမဆို သူငယ်ချင်းတွေ ဆင်တူလုပ်ကြ၊ ဝတ်ကြတာမျိုးကို နှစ်ခြိုက်တဲ့သူပါ။ ဒါကြောင့် Taemin ဟာ သူငယ်ချင်းတွေအားလုံးကို အနွေးထည် (Padding) ဆင်တူ ဝယ်ပေးဖူးပါတယ်။ ထို အင်္ကျီမှာ သူတို့အားလုံးရဲ့လက်ပုံပါတဲ့ logo ကို ရိုက်နှိပ်ထားတာမို့ limited edition လို့ ဆိုရမှာပါ။ ဒီကိစ္စလေးကြောင့် “Padding Squad” ဆိုပြီး နာမည်ပြောင်ရခဲ့တာ ဖြစ်ပါတယ်။

ဆင်တူလုပ်ရတာကြိုက်တဲ့ သူတို့အဖွဲ့ဟာ ဒီနှစ်မှာလည်း ဆင်တူတာ တခုလုပ်ခဲ့ပါတယ်။ ဒီတခါတော့ Taemin, Kai, Jimin တို့ ၃ယောက်တည်းပါဘဲ။ သူတို့ဟာ စင်ပေါ်မှာ ဖျော်ဖြေဖို့အတွက် ဆံပင်အရှည်ကို ငွေရောင် hightlight ဖောက်ခဲ့ကြတာဖြစ်ပါတယ်။ Taemin က အရင်စလုပ်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ solo MV “Advice” ထဲမှာ ထို hair style နဲ့ အပြတ်လန်းနေခဲ့တာပါ။

Kai လည်း ထို့အတူပါဘဲ။ သူ့ရဲ့ ဒုတိယ solo MV “Peaches” ရဲ့ scene တချို့ကို ထို hair style နဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် stage performance ဖျော်ဖြေတော့လည်း အဖြူအမည်းစပ် ကိုရီးယားရိုးရာဝတ်စုံလေးဝတ်၊ ငွေရောင် highlight ဖောက်ထားတဲ့ hair အရှည်နဲ့မို့ တော်ဝင်မင်းသားလေးသဖွယ် ခမ်းနားနေခဲ့ပါတယ်။

Jimin ကတော့ ဒီ trend ကို နောက်ဆုံးမှာ Join တဲ့သူပါ။ LA မှာ “PERMISSION TO DANCE “ stage ဖျော်ဖြေခဲ့ရတုန်းက ​သူ့ဆံပင်ကို ငွေရောင် ဖောက်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ်တုန်းက Jimin ရဲ့ ဆံပင်က Taemin နဲ့ Kai ထက် တိုပါတယ်။ ဒါပေမဲ့ ခုနောက်ဆုံးတင်ပေးထားတဲ့ ပုံမှာတော့ Jimin က တော်တော်ရှည်တဲ့ ဆံပင် ပုံစံကိုလုပ်ထားပါတယ်။ ဒီကေနဲ့လည်း လိုက်ဖက်နေပြီး Manga ထဲက ခုန်ထွက်လာသလိုပါဘဲ။

သူငယ်ချင်း ၃ ယောက်ဟာ တိုင်ပင်ထားသလားထင်ရအောင် ငွေရောင် highlight ဖောက်ထားတဲ့ ဆံပင်အရှည် style ကို ခုလိုဆင်တူ လုပ်ခဲ့ကြပါတယ်။ ပြီးတော့ vibe တမျိုးစီနဲ့ မိမိုက်နေကြတာမို့ ပရိတ်သတ်ကြီးတို့ သဘောကျမယ် ထင်ပါတယ်။

Source: Koreaboo
Photo Credit: Koreaboo
Written: Violet