ကျန်းမာရေးအခြေအနေကြောင့် ပြည်တွင်းလှုပ်ရှားမှုတွေကိုပါ ရပ်တန့်ပစ်လိုက်ရတဲ့ Jeongyeon

Posted on

TWICE အဖွဲ့ဝင် Jeongyeon ကတော့ ကျန်းမာရေးအခြေအနေ အပြီးပြတ်ကောင်းမွန်လာခြင်းမရှိသေးတာကြောင့် အဖွဲ့လှုပ်ရှားမှုတွေကနေ အနားယူနေခဲ့တာပါ။ အရေးကြီးနေ့တွေ့မှာဆိုရင်တော့ TWICE ရဲ့ ကျန်အဖွဲ့ဝင် (၈) ယောက်နဲ့အတူ တွေ့ရလေ့ရှိပေမဲ့ လာမယ့်အကြီးမားဆုံးဖျော်ဖြေပွဲမှာတော့ ပါဝင်နိုင်ခြင်းမရှိတော့ကြောင်း JYP Entertainment ကနေ အသိပေးခဲ့ပါတယ်။

TWICE အဖွဲ့ဟာ ဒီအပတ်ထဲမှာပဲ ပြည်တွင်းဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမှာ ပွဲအခမ်းအနားကြီးကိုပြုလုပ်တော့မှာပါ။ ဒါပေမဲ့လည်း ကျန်းမာရေးမကောင်းသေးတဲ့ Jeongyeon ကတော့ Concerts မှာ ပါလာနိုင်တော့မှာမဟုတ်ပါဘူး။ December 20 ရက်နေ့မှာပဲ JYP Entertainment ဟာ Jeongyeon ရဲ့အခြေအနေကို စာထုတ်ခဲ့ပါတယ်။

“Hello, JYPE ကနေ အသိပေးချင်တာရှိပါတယ်။ Jeongyeon နဲ့ TWICE အဖွဲ့ဝင်တွေအကုန် ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်မှာတော့ ဆုံးဖြတ်ချက်တစ်ခုထွက်ခဲ့ပါတယ်။ Jeongyeon ရဲ့ ကျန်းမာရေးအခြေအနေဟာ အဆင်မပြေသေးတာကြောင့် လာမယ့် ဒီဇင်ဘာ၂၅-၂၆ မှာ ကျင်းပသွားမယ့် “Seoul concerts of TWICE 4TH WORLD TOUR ‘III’” မှာ ကျန်အဖွဲ့ဝင် (၈) ဦးနဲအတူ ပါဝင်လာနိုင်တော့မှာ မဟုတ်ပါဘူး။

စောင့်မျှော်နေကြတဲ့ပရိသတ်တွေထံ ဒီလိုမျိုးစိတ်မကောင်းစရာသတင်းကို အသိပေးရတဲ့အတွက် တောင်းပန်ပါတယ်။ အေဂျင်စီအနေနဲ့ ကျွန်တော်တို့ရဲ့ အနုပညာရှင်ကို ကျန်းကျန်းမာမာနဲ့ ပရိသတ်တွေရှေ့ကို အမြန်ဆုံးပြန်လာပြီး အနုပညာအလုပ်တွေကို လုပ်ဆောင်နိုင်အောင် အကောင်းဆုံးကြိုးစားသွားပါမယ်။ ဒီသတင်းကြောင့် ပွဲလက်မှတ်တွေကို cancel လုပ်ချင်သူများကလည်း Yes24 concert customer service center ကို ဆက်သွယ်ပေးပါ။

အပိုအခကြေးငွေမတောင်းဘဲ 100% ပြန်အမ်းငွေကို ထုတ်ပေးသွားပါမယ်။ အသေးစိတ်သိရှိလိုပါက လက်မှတ်ဝယ်ယူရာ website မှာခည်း စုံစမ်းနိုင်ပါတယ်။ “TWICE 4TH WORLD TOUR ‘III’” ကို စိတ်ပါဝင်စားပြီး အားပေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။ Jeongyeon ရဲ့ မပါဝင်နိုင်ခြင်းသတင်းကို ‌အသိပေးရတဲ့အတွက်လည်း တောင်းပန်ပါတယ်” ဆိုပြီး ရေးသားထုတ်ပြန်ထားပါတယ်။

TWICE အဖွဲ့လိုက်အနေနဲ့ World Tour မပြုလုပ်ခင် ဆိုးလ်မှာ concert (၃) ခု လုပ်ဖို့ အစီအစဉ်ချထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပိုမိုတင်းကြပ်လာတဲ့ ကိုဗစ်စည်းကမ်းတွေကြောင့် December 24 ရက်နေ့အတွက် ပွဲကိုတော့ ဖျက်သိမ်းလိုက်ရတာပါ။ Jeongyeon လေးကလည်း ကျန်းမာရေးမကောင်းတာကြောင့် မပါဝင်နိုင်တော့တဲ့အတွက် ကျန် (၂) ရက်ပွဲကို အဖွဲ့ဝင် (၈) ယောက်နဲ့သာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Jeongyeon လည်း ကျန်းမာရေးအခြေအနေ အမြန်ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းလိုက်ပါတယ်။

Source: Soompi
Photos: Naver
Translated by Ivy