သမိုင်းမှာ ပထမဆုံးဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ARMY အားလုံးကို ကျေးဇူးတင်ခဲ့တဲ့ BTS

Posted on

ARMY တို့သာရှိရင် ဘာမဆိုလုပ်နိုင်တဲ့ BTS အဖွဲ့ဟာ သမိုင်းတလျှောက်လုံး ပထမဆုံးသော နိုင်ငံရပ်ခြားအနုပညာရှင်အဖြစ် ဂုဏ်တင်နိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ဂီတ Platform ဖြစ်တဲ့ Oricon မှာ BTS အဖွဲ့လိုက် အမြင့်ဆုံးမှတ်တမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။ December 24 ရက်နေ့မှာပဲ ၂၀၂၁ တနှစ်ပတ်လုံးအမြင့်ဆုံး အနုပညာရှင်များစာရင်းကို Oricon ကနေ ထုတ်ပြန်ကြေညာခဲ့ရာ BTS အဖွဲ့ဟာ ထိပ်ဆုံး နံပါတ် (၁) အဆင့်ဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။

ကျန်အနုပညာရှင်များအားလုံးကို ကျော်ဖြတ်ပြီး ဂျပန်နိုင်ငံတွင်း တနှစ်ပတ်လုံးရောင်းအားအကောင်းဆုံးစာရင်းမှာ အခုလိုမျိုး အမြင့်ဆုံးနေရာကို ရယူနိုင်ခဲ့တာပါ။  နှစ်စဉ်စံချိန်တွေကို တွက်ချက်ရာမှာ အနုပညာရှင်တွေရဲ့ singles, albums, DVDs စသဖြင့် ရောင်းအားတွေကို စိစစ်တဲ့အပြင် တနှစ်လုံးလုံး streaming data များကိုပါ ထည့်သွင်းဆုံးဖြတ်လေ့ရှိပါတယ်။

ဒီလိုမျိုးသတ်မှတ်ချက်တွေမှာ အမြင့်ဆုံးရောက်နေခဲ့တဲ့ BTS ကတော့ Oricon သမိုင်းတလျှောက် အနုပညာရှင်စာရင်းမှာ ထိပ်ဆုံးအဆင့်ဖြစ်ခဲ့တဲ့ ပထမဆုံးသော ပြည်ပအနုပညာရှင်အဖွဲ့ဖြစ်ခဲ့ပါတယ်။  ဒါတင်မကသေးဘဲ Oricon ရဲ့ တစ်နှစ်တာပတ်လုံး အယ်လ်ဘမ်စာရင်းမှာလည်း “BTS, THE BEST” နဲ့ ပထမဆုံးနိုင်ငံခြားအဖွဲ့အဖြစ် မှတ်တမ်းတင်ထားသေးတာပါ။

“BTS, THE BEST” နဲ့ ဝက်ဝက်ကွဲကျော်ကြားခဲ့တဲ့ “Butter”, “Dynamite” တို့ကလည်း အဆင့်သတ်မှတ်ချက်တွေမှာ ထိပ်ဆုံးရောက်အောင် ပံ့ပိုးနိုင်ခဲ့ပါတယ်။ ယခုလိုမျိုး အောင်မြင်မှုတွေအတွက် BTS အဖွဲ့ဝင်တွေက “Oricon ရဲ့ ၂၀၂၁ တစ်နှစ်ပတ်လုံး စံချိန်များစာရင်းမှာ ထိပ်ဆုံး အဆင့် (၁) နေရာကို ရယူနိုင်ခဲ့လို့ ကျေနပ်ပျော်ရွှင်ရပါတယ်။

ဒီလိုအောင်မြင်မှုဟာ ARMY တွေကြောင့် ဖြစ်လာခဲ့တာမို့လို့ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ အမြဲတမ်း အားပေးပံ့ပိုးခဲ့ကြပြီး မပြောင်းလဲတဲ့ချစ်ခြင်းမေတ္တာတရားတွေနဲ့ ထာဝရပေးဆပ်ထောက်ပံ့နေလို့ ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး စကားပါးလိုက်ပါတော့တယ်။ သမိုင်းတွင်တဲ့ စံချိန်သစ်တွေအတွက် BTS နဲ့ ARMY တို့ကို ဂုဏ်ပြုလိုက်ပါတယ်။

Source: Soompi
Photos: BigHit Music
Translated by Ivy