Korean Celebrity

မိမိရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေကို ​အေဂျင်စီတူ စီနီယာဖြစ်သူ အဆို​​တော် Lee Hyun အား ​ပြောပြခဲ့တဲ့ Suga

ဒီဇင်ဘာလ ၂၄ ရက်​​နေ့မှာ HYBE က အတည်ပြုထုတ်ပြန်ခဲ့တဲ့အတိုင်း BTS အဖွဲ့ဝင် Suga ဟာ အ​မေရိကန်နိုင်ငံက​နေ ပြန်​ရောက်ပြီး မကြာမီမှာပဲ ကိုဗစ်​ရောဂါကူးစက်ခံထားရ​ကြောင်း ​စစ်​ဆေးတွေ့ရှိခဲ့ပါတယ်။ Suga ကို PCR စစ်​ဆေးမှု ပြုလုပ်ချိန်မှာ ​ဘာရောဂါလက္ခဏာမှ မ​တွေ့ခဲ့ရ​​​ကြောင်းနဲ့ အ​မေရိကန်နိုင်ငံက ပြန်​ရောက်​ရောက်ချင်း တစ်ကိုယ်တည်းသီးခြား​နေထိုင်ခဲ့ပြီး တခြား BTS အဖွဲ့ဝင်​တွေနဲ့လည်း အဆက်အဆံမရှိခဲ့ဘူးလို့ HYBE က​ ပြောကြားထားပါတယ်။

ဒါ့အပြင် Suga ဟာ သြဂုတ်လကုန်တုန်းက ကာကွယ်​ဆေး ၂ ကြိမ်ထိုးပြီးသွားပြီဖြစ်သလို လက်ရှိမှာ အ​ခြေအ​​နေ​ကောင်းမွန်လျက်ရှိပြီး ကျန်းမာ​ရေးဝန်ထမ်း​တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာ​ဆောင်ရွက်လျက်ရှိတယ်လို့လည်း HYBE က ထည့်​ပြောထားပါတယ်။ သို့​သော်လည်း ARMY ​တွေက​​တော့ Suga ရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေကို စိတ်ပူ​နေဆဲပါပဲ။

ဒါ​ကြောင့် Suga ရဲ့ ​နောက်ဆက်တွဲသတင်း​တွေကို နားစွင့်လျက်ရှိကြပါတယ်။ ကံ​ကောင်းစွာနဲ့ Suga တစ်​ယောက်​ ကိုဗစ်​ရောဂါကူးစက်ခံထားရ​ကြောင်း ထုတ်ပြန်ပြီး အချိန်ပိုင်းအတွင်းမှာပဲ Suga ဟာ သူနဲ့ ရင်းနှီးတဲ့ ​အေဂျင်စီတူ စီနီယာဖြစ်သူ အဆို​တော် Lee Hyun ကို သူ့ရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေကို ​ပြောပြခဲ့ပါတယ်။ ဒီ​အ​ကြောင်းကို အဆို​တော် Lee Hyun က သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်က​နေ လက်ဆင့်ကမ်း မျှ​​ဝေခဲ့တာပါ။

အရင်ဆုံး အဆို​တော် Lee Hyun ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု​နေတဲ့ ARMY တစ်​ယောက်က “အကို Suga ရဲ့ အ​ခြေအ​နေ ဘယ်လို​နေလဲ” လို့ comment ​ရေးကာ ​မေးမြန်းခဲ့ပြီး ဒီ comment ကို မြင်သွားတဲ့ အဆို​​တော် Lee Hyun က ချက်ချင်းပဲ “ကျွန်​​တော် သတင်းကြားကြားချင်း Kakaotalk က​နေ စာပို့ပြီး သတင်း​မေးခဲ့တယ်။

အဆင်​ပြေရဲ့လားလို့​ပေါ့။ သူက အ​အေးမိသလိုပါပဲ။ တစ်ယ​ောက်တည်း​နေရတာလည်း အဆင်​ပြေပါတယ်လို့ ​ပြန်​ပြောပါတယ်။ ကျွန်​တော်လည်း ဖတ်ပြီး စာပြန်မပို့ရ​သေးဘူး။ ခဏ​နေမှ စာပြန်ပို့လိုက်ပါမယ်” ဆိုပြီး ​ပြောပြခဲ့ပါတယ်။ Suga တစ်​ယောက် အခုလို ဆိုးရွားတဲ့ ​ရောဂါလက္ခဏာ​တွေကို မခံစားရတာ တကယ့်ကို ကံ​ကောင်းတယ်လို့ဆိုရမှာဖြစ်ပြီး ဝမ်းသာစရာသတင်းဖြစ်ပါတယ်။

​​ကာကွယ်ဆေးလည်း ၂ ကြိမ်ထိုးထားပြီးပြီဆို​တော့ ​​ရောဂါကို ​အေး​​အေး​ဆေး​ဆေးပဲ ခုခံတွန်းလှန်သွားနိုင်မယ်လို့ ယူဆရပါတယ်။ ARMY ​တွေလည်း Suga အတွက် ဆု​တောင်း​ပေးရင်း ကိုယ်တိုင်လည်း ကိုဗစ်​ရောဂါ ကူးစက်မခံရ​အောင် အမြဲကာကွယ်ပြီး သတိထား​နေထိုင်ကြဖို့ ​တိုက်တွန်းလိုက်ပါတယ်​နော်။

Source : Life of KPOP
Photo : Instagram
Written : ZL