Kpop idol တစ်ယောက်ရဲ့ သီချင်းကို Challenge က ခဲ့တဲ့ “Emily In Paris” ကားထဲက မင်းသမီးနှစ်ယောက်

Posted on

Netflix ရဲ့ ‘Emily In Paris- Season 2’ ထွက်ရှိတာ ရက်ပိုင်းတောင် မကြာသေးပါဘူး။ ထို series ဟာ season 1 ထဲက အား​ပေးမှုတွေရရှိခဲ့တာဖြစ်ပြီး ခု season 2 ထွက်တော့လည်း hot နေပါတယ်။ အထူးသဖြင့် ဇာတ်​ဆောင်မင်းသမီး Lily Collins ကို လူတွေက စိတ်ဝင်စားနေကြတာပါ။

ထိုဇာတ်ကားထဲမှာ မင်းသမီးနဲ့ မင်းသမီးသူငယ်ချင်းနေရာကနေ သရုပ်ဆောင်တဲ့ Ashley Park တို့ရဲ့ friendship ကို လူတွေက သဘောကျကြပါတယ်။ မင်းသမီးဘယ်လောက်ပွေပွေ သူငယ်ချင်းကို စွန့်ခွါမသွားတဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ လက်ဖျားခါလောက်ပါတယ်။

အပြင်မှာလည်း သူတို့နှစ်ယောက် ရင်းနှီးသလား မရင်းနှီးသလား ဆိုတာ Instagram က post တွေက သက်သေပါဘဲ။ December 23 ရက်နေ့ကဆို သူတို့နှစ်ယောက် တူတူကနေတဲ့ video ကို Lily Collins က IG မှာတင်ခဲ့ပါတယ်။ အက Challenge က တောင်ကိုရီးယားအဆိုတော် Zico ရဲ့ “Any Song” ကို ကနေတာ ဖြစ်ပြီး ရှူတင်အားတဲ့အချိန်တိုင်း နှစ်ယောက်သား ကနေတဲ့ပုံပါဘဲ။

 

View this post on Instagram

 

A post shared by Lily Collins (@lilyjcollins)

ထို video ထဲမှာ နှစ်ယောက်သားရဲ့ outfit မျိုးစုံ တစ်ခုပြီး တစ်ခု ချိန်းသွားတာကို မြင်ရမှာဖြစ်ပြီး ကကွက်တွေကတော့ အတိုင်အဖောက်အရမ်းညီပါတယ်။ Emily ရဲ့ caption ကတော့ ခုလိုရေးထားပါတယ်။ “@emilyinparis season deux! ထွက်ရှိတဲ့ အထိမ်းအမှတ်အနေနဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ အက video ကိုတင်ပေးလိုက်ပါတယ်။ #zicochallenge က တကယ်ကို ပျော်ဖို့ကောင်းပါတယ်။ fashion ကိုချစ်မြတ်နိုးတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ ဒီ show ကို ကြည့်ရှုအားပေးကြပါအုံး… ဒီ season ကိုလည်း ပရိတ်သတ်ကြီးတို့နှစ်သက်ကြမယ်လို့ မျှော့်လင့်ပါတယ်”

Zico ရဲ့ “Any Song” challenge ဟာ မနှစ်က tik tok အသုံးပြုသူတွေကြားမှာ စ ခေတ်စားခဲ့တာ ဖြစ်ပြီး ခုတခါ Emily ကြောင့် ပြန်ခေတ်စားနေပြန်ပါပြီ။ Emily က ထားတဲ့ video ဟာ ၂ရက်တောင်မကြာသေးပါဘူး.. 1million like ရနေပါပြီ။ သီချင်းပိုင်ရှင် Zico က လည်း “OMG” ဆိုပြီး comment ပေးထားပါတယ်။

Source:Allkpop
Photo Credit: Allkpop
Written: Violet