ဖက်ရှင်ချစ်သူတိုင်း Instagram မှာ follow လုပ်ထားသင့်တဲ့ မိန်းက​လေး K-Pop Idol (၉) ဦး

Posted on

K-Pop Idol ​တွေမှာပဲဖြစ်ဖြစ်၊ သာမန်လူ​တွေမှာပဲဖြစ်ဖြစ် ဖက်ရှင်ဟာ လူတစ်​ယောက်ရဲ့ ကိုယ်ပိုင်အမှတ်အသားနဲ့ အကျင့်စရိုက်ကို ​ဖော်ပြ​​ပေးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ​ကြောင့် အထူးသဖြင့် ဖက်ရှင်ကို စိတ်ဝင်စားသူ​တွေဟာ အနုပညာရှင်​တွေ social influencer ​တွေရဲ့ ဝတ်ပုံစားပုံကို လေ့လာကြည့်ရှုတတ်ကြပြီး Pinterest မှာ အဝတ်အစားပုံ​လှလှတွေကို သွားရှာတတ်ကြပါတယ်​။

ဒါ​ပေမဲ့ K-Pop ​လောကထဲမှာ​တော့ စတိုင်ကျတဲ့ K-Pop Idol များစွာရှိ​နေပြီး သူတို့​တွေဟာ သူတို့ရဲ့ ​နေ့စဉ် ဝတ်စားဆင်ယင်ပုံ​တွေကို မကြာခဏ မျှ​ဝေ​လေ့ရှိတာ​ကြောင့် K-Pop ပရိသတ်​တွေက​တော့ ​တကူးတက လိုက်ကြည့်​နေဖို့မလိုအပ်​တော့ပါဘူး။ ဒါ​ကြောင့် ဖက်ရှင်ချစ်သူတိုင်း Instagram မှာ follow လုပ်ထားသင့်တဲ့ မိန်းက​လေး K-Pop Idol (၉) ဦးကို ​ဖော်ပြ​ပေးချင်ပါတယ်။ သူတို့က​တော့

(1) BLACKPINK အဖွဲ့ဝင် Jennie

BLACKPINK အဖွဲ့ဝင် Jennie ဟာ Chanel နဲ့ CK လို အထက်တန်းဆန်တဲ့ ဇိမ်ခံဖက်ရှင်​တွေကို ဝတ်ဆင်တာများတယ်လို့ လူသိများပါတယ်။ ဒါ​ပေမဲ့ သူမရဲ့ Instagram မှာ ​ပေါ့​ပေါ့ပါးပါးနဲ့ chic ဖြစ်တဲ့ ဖက်ရှင်စတိုင်​များစွာကိုလည်း မြင်​တွေ့နိုင်ပါတယ်။

Instagram account – jennierubyjane

(2) Sunmi

Sunmi ရဲ့ Instagram feed ကို ကြည့်လိုက်ရင်​တော့ သူမရဲ့ အ​ရောင်တွဲစပ်ပုံ​​တွေနဲ့ အမျိုးမျိုး​သောဖက်ရှင်စတိုင်​တွေကို ​ကြွေမိမှာ အ​သေအချာပါပဲ။ သူမက​တော့ များ​သောအားဖြင့် အ​ရောင်အ​သွေးစုံလင်တဲ့ အ​ပေါ်ပိုင်းအင်္ကျီနဲ့ စကပ်​တွေကို တွဲဖက်ဝတ်ဆင်​လေ့ရှိပြီး cool ဖြစ်တဲ့ ခပ်ဆိုးဆိုး မိန်းက​လေးပုံစံ​ကို ခံစားရ​စေမှာဖြစ်ပါတယ်။

Instagram account – @miyayeah

(3) MAMAMOO အဖွဲ့ဝင် Hwasa

Hwasa က​တော့ ​လွတ်လပ်​ပေါ့ပါးတဲ့ စတိုင်နဲ့ ကျက်သ​ရေရှိတဲ့ စတိုင်ကို ​ဘယ်လို​ရော​နှောဝတ်ဆင်ရမလဲဆိုတာကို ​ကောင်း​ကောင်းသိပါတယ်။ ဒါ့အပြင် သူမရဲ့ ဖက်ရှင်​တွေဟာ အား​ပြင်းပြီး သန်မာတဲ့ မိန်းမသားတစ်​ယောက်ရဲ့ ​ပုံစံကိုလည်း ​ပေါ်လွင်​နေ​စေပါတယ်။

Instagram account – @_mariahwasa

(4) Red Velvet အဖွဲ့ဝင် Joy

Joy ရဲ့ စတိုင်က​တော့ မိန်းက​လေးဆန်ဆန်နဲ့ girlfriend material ပုံစံမျိုးကို ကြိုက်နှစ်သက်တဲ့ ပရိသတ်​တွေအတွက် ကွက်တိပါပဲ။ ဒါ့အပြင် သူမရဲ့ ဖက်ရှင်ဟာ တည်ငြိမ်တဲ့ အလှနဲ့ အသက် ၂၀ ဝန်းကျင်မိန်းက​လေးတစ်​ယောက်ရဲ့ vibe မျိုးကို ရရှိ​စေပါတယ်။ သူမရဲ့ Instagram က အလှပုံ​လေး​တွေကို ဖက်ရှင်စိတ်ဝင်စားသူ​​မှန်ရင် တစ်ခါ​လောက်​တော့ သွား​လေ့လာသင့်ပါတယ်။

Instagram account – @_imyour_joy

(5) Jeon So Mi

တစ်ကိုယ်​တော် ပွဲဦးထွက်စဉ်တည်းက Somi ဟာ သူမရဲ့ ထသွားထလာအဝတ်အစား​လေး​တွေနဲ့ stage outfit ​လေး​တွေကို Instagram က​နေ မျှ​​ဝေ​လေ့ရှိပါတယ်။ သူမရဲ့ ဖက်ရှင်​​တွေမှာ​​တော့ လန်းဆန်းတက်ကြွတဲ့ high teen ပုံစံ​လေး​တွေကို မြင်​တွေ့နိုင်သလို ခပ်မိုက်မိုက် ပုံစံ​လေး​​တွေကိုလည်း မြင်​တွေ့နိုင်တဲ့အတွက် ဆယ်​ကျော်သက်မိန်းက​လေး​ အများစုက ပိုပြီး သ​ဘောကျမယ်လို့ ထင်ပါတယ်။

Instagram account – @somsomi0309

(6) (G)I-DLE အဖွဲ့ဝင် Minnie

Minnie ရဲ့ စတိုင်က​တော့ ​ပေါ့ပါးလွတ်လပ်တဲ့ ထသွားထလာပုံစံလို့ ဆိုရမှာပါ။ ဒါ​ပေမဲ့လည်း တစ်ခါတစ်​လေမှာ သူမက အဝတ်အစားတစ်ချို့ကို အမြင်ဆန်း​အောင် ​​​ရော​နှောတွဲဖက်ပြီး အမိုက်စားဖက်ရှင်တစ်ချို့ကို ဖန်တီးတတ်ပါ​သေးတယ်။

Instagram account – @min.nicha

(7) Sandara Park

Sandara Park က​​တော့ သူမရဲ့ အ​ရောင်အ​သွေးစုံလင်တဲ့ street style နဲ့ အခုထိ ဖက်ရှင်​လောကမှာ ​နေရာယူနိုင်​နေဆဲပါပဲ။ ပွ​လျောင်း​လျောင်း အဝတ်အစား​တွေ၊ အ​ရောင်ဆန်း​တွေ monochrome ​တွေက သူမရဲ့ ကိုယ်ပိုင်ဖက်ရှင်ဟန်ကို တစ်မူထူးခြား​နေ​စေတဲ့ အရာ​တွေပဲဖြစ်ပါတယ်။

Instagram account – @daraxxi

(8) WJSN အဖွဲ့ဝင် EXY

EXY ရဲ့ စတိုင်ကလည်း အရမ်းကြီး မပြင်မဆင်ထားပဲ ​ပေါ့ပါးတဲ့ ထသွားထလာပုံစံမျိုးဖြစ်​ပေမဲ့ ဆွဲ​ဆောင်မှုရှိပြီး asthetic ဖြစ်သလို နူးညံ့တဲ့ မိန်းက​လေးတစ်ဦးရဲ့ vibe ကို ​ပေါ်လွင်​စေပါတယ်။ ဒါ​ကြောင့် ဒီလိုဖက်ရှင်စတိုင်ကို ကြိုက်နှစ်သက်သူ​တွေက​တော့ EXY ရဲ့ Instagram ကို follow လုပ်ထားသင့်ပါတယ်။

Instagram account – @exy_s2

(9) formis_9 အဖွဲ့ဝင် Lee Seo Yeon

​လူတော်​တော်များများ မသိ​လောက်​ပေမဲ့ fromis_9 အဖွဲ့ဝင်အားလုံးရဲ့ Instagram account ​တွေဟာ Pinterest ထဲက ထွက်လာတဲ့အတိုင်းပါပဲ။ Lee Seo Yeon ရဲ့ ရိုးရှင်း​ပေမဲ့ ညို့ချက်ပြင်းတဲ့ ဝတ်စားဆင်ယင်ပုံ​တွေကလည်း ပရိသတ်​တွေရဲ့ အမြင်အာရုံကို ဖမ်းစားပြီး သူမလို လိုက်ဝတ်ချင်​စိတ်ဖြစ်လာအောင် ဆွဲ​​​ဆောင်​​နေမှာ အမှန်ပါပဲ။

Instagram account – @im_theyeon

Source : kpopmap
Photo : Instagram
Written : ZL