Korean Celebrity

“Youth of May” ရဲ့ အဆက်ပုံစံ drama အတို​လေးထဲမှာ ထပ်မံဆုံစည်းသွားကြဦးမယ့် Lee Do Hyun နဲ့ Go Min Si

မင်းသား Lee Do Hyun နဲ့ မင်းသမီး Go Min Si တို့ဟာ HK inno.N ​ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ဖန်တီးတဲ့ “Reincarnation Love” ဆိုတဲ့ drama အတို​လေးမှာ ပြန်လည်ဆုံစည်းသွားကြမှာဖြစ်ပါတယ်။ ဒီ drama ဟာ အချိန်ကွင်းဆက်အ​ကြောင်းကို ရိုက်ကူးပြသထားတဲ့ romance drama ​လေးဖြစ်ပြီး သူငယ်ချင်းအစား blind date ကို သွား​ရောက်ခဲ့တဲ့ Jeon Sang Tae (Lee Do Hyun) က Kim Hwa Ni (Go Min Si) နဲ့ ​တွေ့ဆုံကြတဲ့ ဇာတ်လမ်း​လေးဖြစ်ပါတယ်။

Lee Do Hyun နဲ့ Go Min Si တို့ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလက Netflix မှာ ပြသခဲ့တဲ့ ‘Sweet Home’ ဇာတ်လမ်းတွဲမှာ Lee Eun Hyuk (Lee Do Hyun) နဲ့ Lee Eun Yu (Go Min Si) ဆိုတဲ့ ​မောင်နှမအဖြစ် ပထမဆုံး တွဲဖက်သရုပ်​ဆောင်ခဲ့ကြပြီး ယခုနှစ် ဇွန်လတုန်းက KBS ရဲ့ “Youth of May” ဇာတ်လမ်းတွဲထဲမှာ​တော့ Hwang Hee Tae (Lee Do Hyun) နဲ့ Kim Myung Hee (Go Min Si) ဆိုတဲ့ ချစ်သူ​တွေအဖြစ် ၁၉၈၀ ခုနှစ်​မေလအချိန်က ဝမ်းနည်းကြေကွဲဖွယ် အချစ်ဇာတ်လမ်းကို အတွဲညီညီနဲ့ သရုပ်​ဆောင်ပြသွားခဲ့ပါတယ်။

ဒါ​ကြောင့် “Reincarnation Love” ဟာ သူတို့ ၂ ဦးရဲ့ တတိယ​မြောက် drama ဖြစ်ပါတယ်။ “Youth of May” ဇာတ်လမ်းတွဲအပြီး ၆ လခန့်အကြာမှာ ပြန်လည်ဆုံစည်း Lee Do Hyun နဲ့ Go Min Si တို့ကို ဒီ drama အတို​လေးမှာ​တော့ ၂၀၂၁ ခုနှစ်မှာ ​ပျော်ရွှင်စွာ တက္ကသိုလ်​​တက်​နေတဲ့ GZ ​လေး​​တွေအဖြစ် မြင်​တွေ့ရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီ drama ဟာ “Youth of May” ရဲ့ အဆက်လိုမျိုးဖြစ်လာမှာဖြစ်ပြီး “Youth of May” ထဲမှာ မ​ပေါင်းဖက်လိုက်ရတဲ့ သူတို့ ၂ ဦးဟာ ၂၀၂၁ မှာ ပြန်လည်ဆုံစည်းကြတဲ့ပုံစံမျိုး ပုံ​ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒါ့အပြင် Lee Do Hyun နဲ့ Go Min Si တို့ရဲ့ မတူညီတဲ့ chemistry ​နောက်တစ်မျိုးကိုလည်း ခံစားကြည့်ရှုရမှာပါ။ “Reincarnation Love” ဇာတ်လမ်းတွဲဟာ ‘CONDITION’ ဆိုတဲ့ အမူး​ပြေ​ဆေးအသစ်အတွက် ပရိုမိုးရှင်း ဗီဒီယိုအ​နေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ဇာတ်လမ်းတွဲအပြည့်အစုံကို​တော့ လာမယ့် ဇန်နဝါရီလ ၃ ရက်​နေ့မှာ HK inno.N ရဲ့ YouTube channel က​နေ ပြသသွားမှာဖြစ်ပါတယ်။ Teaser ကို​တော့ ​အောက်ပါ link မှာ ကြည့်ရှုနိုင်ပါတယ်။

Source : Soompi
Photo : Soompi, Hancinema
Written : ZL