“Squid Game” Season 2 နဲ့ 3 မှာ သူ့ကို ထပ်မံမြင်​တွေ့ရဖို့ ဖြစ်နိုင်​ခြေရှိမရှိကို ​ပြောပြခဲ့တဲ့ Gong Yoo

Posted on

Netflix ရဲ့ “The Silent Sea” ဇာတ်လမ်းတွဲမှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်​ဆောင်ထားတဲ့ Gong Yoo ဟာ ဒီဇင်ဘာလ ၃၀ ရက်​နေ့က အွန်လိုင်းက​နေ တိုက်ရိုက်ထုတ်လွှင့်တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ Gong Yoo နဲ့အတူ Bae Doona, Lee Joon, Kim Sun Young တို့ ပါဝင်သရုပ်​ဆောင်ထားတဲ့ “The Silent Sea” ဇာတ်လမ်းတွဲဟာ ကမ္ဘာ​ပေါ်မှာ အ​စာ​ရေစာရှားပါး​လာတဲ့အချိန်မှာ လူတစ်စုက လကမ္ဘာ​ပေါ်မှာရှိတဲ့ စွန့်ပစ်ခံ အာကာသစခန်းတစ်ခုကို သွား​ရောက်ပြီး တာဝန်ထမ်း​ဆောင်ရတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲဖြစ်ပါတယ်။

Flix Patrol ရဲ့ ​ဒေတာ​တွေအရ “The Silent Sea” ဟာ မကြာ​သေးခင်က Netflix ရဲ့ စီးရီး​တွေထဲမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နံပါတ် ၃ ​နေရာကို ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ မင်းသား Gong Yoo က​တော့ ယခုနှစ်ထဲမှာ “Squid Game” ထဲက အ​နောက်တိုင်းဝတ်စုံနဲ့ လူကြီးအဖြစ်​ရော “The Silent Sea” ဇာတ်လမ်းတွဲထဲက Han Yoon Jae အဖြစ်နဲ့ပါ ကမ္ဘာတစ်ဝှမ်းက ပရိသတ်​တွေနဲ့ ​တွေ့ဆုံခဲ့ပါတယ်။

လက်ရှိမှာ ပရိသတ်​တွေ Gong Yoo နဲ့ ပတ်သက်ပြီး အသိချင်ဆုံးအရာတစ်ခုက​တော့ “Squid Game” Seasons 2 နဲ့ 3 မှာ သူ့ကို ထပ်မံမြင်​တွေ့နိုင်ဦးမလားဆိုတာပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Gong Yoo က​တော့ “ကျွန်​တော်လည်း မသိဘူး။ အခုအချိန်ထိ ဒါရိုက်တာ Hwang Dong Hyuk နဲ့ ပုံမှန်ဆက်သွယ်​နေ​ပေမဲ့ သူ့ဆီက ဘာမှ​တော့ မကြားမိဘူး” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “သူ အ​မေရိကန်နိုင်ငံက ပြန်လာပြီး ကွာရန်တင်းဝင်​နေတဲ့အချိန်မှာ ကျွန်​တော့်ကို ဖုန်း​​ခေါ်ခဲ့တယ်။ အဲ့ဒါက သူကျွန်​တော့်ကို ဆက်သွယ်ခဲ့တဲ့ ​နောက်ဆုံးအကြိမ်ပါပဲ။ ‘Squid Game’ ကို သူဘယ်လိုဆက်လုပ်သွားမလဲဆိုတာ ကျွန်​တော်လည်း မသိဘူး။ ဘာ​ကြောင့်လဲဆို​တော့ drama နဲ့ ပတ်သက်တဲ့အ​ကြောင်း​ကြောင့် ကျွန်​တော့်ကို သီးသန့်ဆက်သွယ်တာမျိုးမရှိဘူး။ ကျွန်​တော့်လိုပဲ သူကလည်း ဆုံးဖြတ်ချက်မချခင် ဇာတ်ညွှန်းကို အရင်ကြည့်​​လေ့ရှိတယ်” ဆိုပြီး​တော့လည်း Gong Yoo က ပြောပြခဲ့ပါတယ်။

ထို့​နောက် “ယခုနှစ်ကို ပြန်​လှည့်ကြည့်တဲ့အခါ လုပ်ခဲ့တဲ့အရာ​တွေထဲမှာ ဘယ်အရာက အ​ကောင်းဆုံးလို့ထင်လဲ” လို့ ​မေးတဲ့အခါမှာ​တော့ Gong Yoo က ပြုံးပြီး “ပထမဆုံးတစ်ခုက​တော့ ဒါရိုက်တာ Hwang Dong Hyuk ကို ကူညီဖို့ ‘Squid Game’ မှာ ဧည့်သည်သရုပ်​ဆောင်အဖြစ် ပါဝင်ခဲ့တာပါ။ ဒုတိယတစ်ခုက​တော့ ‘The Silent Sea’ မှာ ပါဝင်သရုပ်​ဆောင်ခဲ့တာပါ” လို့ ပြန်လည်​ဖြေကြားခဲ့ပါတယ်။

Source : Kbizoom
Photo : Netflix
Written : ZL