Thai Celebrity

Mark က လက်ထပ်ခွင့်တောင်းတော့မယ်, လို့ ထင်ခဲ့မိတဲ့ Kimmy ရဲ့ အဖြစ်အပျက်လေး

Mark နဲ့ Kimmy တို့ စုံတွဲကတော့ ချစ်သူသက်တမ်း ၈ နှစ်ကျော်သွားပါပြီ။ အချိန်ကြာတွဲခဲ့ပြီးဖြစ်လို့ သူတို့နှစ်ယောက်ရဲ့ လက်ထပ်မယ့်သတင်းကို အားလုံးကနားစွင့်နေကြတာပါ။ မကြာခဏဆိုသလိုလည်း မင်္ဂလာဆောင်မယ့်ကိစ္စကို မေး‌ခံရလေ့ရှိရာ Kimmy က သူမရဲ့ ချစ်သူ Mark ဟာ ချစ်သူသက်တမ်း ၈ နှစ်ပြည့်နေ့တုန်းကပဲ လက်ထပ်ခွင့်တောင်းဖို့ မျှော်လင့်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။

မကြာသေးခင်က Kimmy Kimberley ဟာ ပွဲတစ်ခုကို တက်ရောက်ခဲ့ပြီး ၈ နှစ်ပြည့် anniversary အတွက် Mark နဲ့ ခရီးထွက်ခဲ့တဲ့အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။ Kimmy က “ဒီနှစ်ခရီးစဉ်လေးကတော့ တကယ်ကို ပျော်ရွှင်စရာကောင်းပြီး စိတ်ချမ်းသာခဲ့ရပါတယ်။ ကမ်းခြေမှာက မိုးလေကင်းစင်ပြီး ပင်လယ်ကြီးက သိပ်ကိုလှနေခဲ့တာပါပဲ။ အဲ့နေ့တုန်းကလေ Mark Prin က လက်ထပ်ခွင့်တောင်းလိမ့်မယ်ဆိုပြီး ထင်ခဲ့တာ။

ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင်အခြေအနေ၊ ရာသီဥတုလေးကအစ တအားကို romantic ဆန်နေခဲ့တာလေ။ အဲ့တော့ လက်ထပ်ခွင့်တောင်းလောက်တယ်ဆိုပြီး စိတ်ထဲထင်နေခဲ့တာ။ ခရီးသာထွက်ခဲ့ရတယ်.. လှလှပပ အဝတ်အစားတွေ တစုံမှပါမလာဘူး။ ထသွားထလာ ဝတ်နေကျတွေပဲ ယူချသွားခဲ့တာ။ လက်ထပ်ခွင့်တောင်းမယ်လို့ထင်ရင်း ခဏလည်းကြာကော မဟုတ်လောက်ပါဘူး.. သူ လက်ထပ်ခွင့်မတောင်းလောက်သေးဘူးဆိုပြီး ပြန်တွေးမိပြန်ရော” ဆိုပြီး သူမရဲ့အလွဲလေးကို ပြောပြခဲ့ပါတော့တယ်။

Mark Prin ကလည်း နောက် ၂ နှစ်လောက်ဆိုရင် Kimmy Kimberley ကို လက်ထပ်ပေါင်းသင်းဖို့ အသင့်ဖြစ်နေလောက်ပြီဆိုပြီး ပြောခဲ့တဲ့အကြောင်းနဲ့ ဘယ်လိုမျိုး လက်ထပ်ခွင့်တောင်းတာကို မျှော်လင့်သလဲ ဆိုပြီး Kimmy ကို ဆက်လက်မေးမြန်းခဲ့ရာ “ကျွန်မလည်း လက်ထပ်ဖို့ကိစ္စအတွက် အချိန်နည်းနည်းတော့ လိုအပ်ပါတယ်။

၂ နှစ်ဆိုတာကလည်း သိပ်တော့ကြာတဲ့အချိန်မဟုတ်ပါဘူး။ ဒီလိုပဲ ကုန်ဆုံးသွားမှာဆိုတော့ ကြာတယ်လို့ကို မခံစားမိပါဘူး။ လက်ထပ်ခွင့်တောင်းတာအတွက် တအားကြီးကြီးမားမားကြီး surprise လုပ်ပြီး မင်္ဂလာဆောင်ဖို့ပြောတာမျိုးတော့ မလိုအပ်ပါဘူး။ အရေးကြီးတာက ကျွန်မတို့ ၂ ယောက်ရဲ့ ခံစားချက်တွေနဲ့ ထာဝရတည်မြဲသွားမယ့် ချစ်ခြင်းမေတ္တာပါပဲ” ဆိုပြီး ဖြေပေးခဲ့ပါတော့တယ်။

ကိုယ်ချစ်ရတဲ့သူနဲ့ လက်ထပ်ချင်ကြတာဟာ မိန်းကလေးတိုင်းရဲ့ မျှော်လင့်ချက်လေးဖြစ်လို့ Kimmy လည်း Mark ထံက လက်ထပ်ခွင့်တောင်းတာကို မျှော်တော့မျှော်နေပုံပါပဲ။ ၂ ဖက်စလုံးက မင်္ဂလာဆောင်ဖို့ အတည်တကျပြင်ဆင်နေတာဖြစ်လို့ မကြာခင်မှာပဲ Mark နဲ့ Kimmy သတင်းကောင်း ကြားနိုင်မှာ ကျိန်းသေပါတယ်နော်။

Source: Thaiupdate
Photos: Instagram
Translated by Ivy