2021 အတွင်း Twitter တခွင် လူပြောအများဆုံး ထိုင်းအမျိုးသားကြယ်ပွင့် (၁၀) ဦးကို ထုတ်ပြန်

Posted on

Social Media တွေကို တွင်ကျယ်စွာအသုံးပြုလာတာနဲ့အမျှ အနုပညာရှင်တွေနဲ့ ပရိသတ်တွေဟာ ပိုမိုနီးစပ်လာပါတယ်။ နိုင်ငံတကာသုံး Twitter မှာဆိုရင်လည်း ထိုင်းနာမည်ကြီးကြယ်ပွင့်တွေများစွာရှိပြီး ၂၀၂၁ အတွင်း Twitter တခွင် လူပြောအများဆုံး ထိုင်းနာမည်ကျော် အမျိုးသားများစာရင်းကို December 9 ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

GOT 7’s Bambam

ဒီနှစ် 2021 စာရင်းမှာလည်း ထိုင်းနိုင်ငံသား K-POP idol တစ်ဦးဖြစ်သူ GOT 7’s Bambam က ပါဝင်နေဆဲဖြစ်ပါတယ်။ BamBam ကတော့ Twitter တခွင်မှာလည်း ပရိသတ်တွေနဲ့ အပြန်အလှန်စကားပြောဆိုလေ့ရှိသူပါပဲ။

Peck Palitchoke

နာမည်ကြီးထိုင်းအဆိုရင် Peck Palitchoke ကတော့ ဒီနှစ်စာရင်းမှာပါဝင်လာခဲ့ပါတယ်။ မနှစ်ကပါဝင်လာခဲ့သူတွေကို ကျော်လွန်ကာ စာရင်းဝင်ဖြစ်လာတာကြောင့် ပိုမိုလူသိများလာတဲ့သဘောဖြစ်ပါတယ်။ စာရင်းဝင် ကျန်ရှိနေတဲ့ (၈) ဦးကတော့ ဒီနှစ်ရဲ့ နာမည်ကြီးစီးရီးတွေရဲ့ BL မင်းသားတွေချည်း ဖြစ်ပြီး ကျော်ကြားအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေသူတွေပါပဲ။

Bright Vachirawit

Win Metawin

Gulf Kanawut

Mew Suppasit

Off Jumpol

Tay Tawan

Mix Sahaphap

Yin Anan Wong တို့ပဲ ဖြစ်ပါတယ်။

Twitter Thailand က ကြေညာပေးခဲ့တဲ့ most-tweeted Thai celebrity စာရင်းထဲမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေကြားမှာ လူပြောများခဲ့တဲ့ ထိုင်းအမျိုးသားကြယ်ပွင့် (၁၀) ယောက်ကို ဂုဏ်ပြုလိုက်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy