Thai Celebrity

မလွတ်တမ်းကြည့်သင့်တဲ့ Mario Maurer နဲ့ Baifern Pimchanok တို့ရဲ့ အချစ်ရုပ်ရှင်ကားသစ်

Mario နဲ့ Baifern တို့ဟာဆိုရင် P’ Shone နဲ့ Nam တို့အဖြစ် ပရိသတ်ကြီးကို သိမ်းပိုက်ခဲ့တာ (၁၀) စု‌နှစ်ကျော်ခဲ့ပါပြီ။ ဘယ်ချိန်ပြန်ကြည့်ကြည့် မရိုးနိုင်ဘဲ နွေးထွေးတဲ့ခံစားချက်လေးတွေပေးစွမ်းနိုင်တဲ့ Crazy Little Thing Called Love (2010) ပြီးတဲ့နောက် Mario နဲ့ Baifern ဟာ ရုပ်ရှင်ကားသစ်ကို ထပ်မံတွဲဖက်ပြီး ရိုက်ကူးခဲ့ပါတယ်။

“AI Love You” (Working Title: Laser Candy) ရုပ်ရှင်ကိုတော့ လာမယ့် ၂၀၂၂ February မှာ အမေရိကတိုက်ဖက်မှာ စတင်ရုံတင်ပြသမယ်လို့ ကြေထားပါတယ်။ ဒီတခါရုပ်ရှင်ကတော့ ထူးခြားတဲ့ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ AI ပုံတူဟာ တကယ့်လက်တွေ့ကမ္ဘာထဲက ကောင်မလေး ‘Lana’ (Baifern) ကို ချစ်ခင်မြတ်နိုးသွားခဲ့ပါတယ်။

မဖြစ်နိုင်တဲ့ ချစ်ခြင်းတစ်ခုဖြစ်လာပြီးနောက် ကံကြမ္မာက အခွင့်အရေးပေးတဲ့အတိုင်း AI အဆောက်အအုံကြီးထဲမှာ ရုတ်တရက် ချို့ယွင်းပြတ်တောက်မှုက ပေါ်လာခဲ့ပါတော့တယ်။ အဲ့လိုနဲ့ လူသားကိုမှချစ်မိနေတဲ့ AI ဟာ ထိန်းသိမ်းခန်းက‌နေ ထွက်ပြေးလာခဲ့ပြီး လက်တွေ့ကမ္ဘာထဲက ‘Bobby’ (Mario) ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့ပါတော့တယ်။

ဒီလိုနဲ့ စိတ်နှလုံးသားက AI ပုံရိပ်ယောင်ရဲ့ လွှမ်းမိုးမှုကြောင့် Bobby တစ်ယောက် Lana ရဲ့ အချစ်ကိုရအောင် ကြိုးပမ်းပါတော့တယ်။ ဇာတ်အိမ်က တော်တော်ကို ချစ်စရာကောင်းပြီး စိတ်ကူးယဉ်ဆန်စွာနဲ့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

Mario Maurer နဲ့ Baifern Pimchanok တို့ရဲ့ တကျော့ပြန်ပေါင်းဆုံမှုဖြစ်လို့ အားလုံးက ရင်ခုန်စွာနဲ့ မျှော်နေကြတာပါ။ ၂၀၂၀ February ကတည်းက ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီးဖြစ်လို့ မကြာခင်ပရိသတ်တွေရဲ့ ရှေ့မှောကို ရောက်ရှိလာပါတော့မယ်။ လိုက်ဖက်နဲ့အတွဲလေးကို ကြည့်ရဖို့ အားခဲထားကြပါတော့နော်။

Source: Thaiupdate
Photos: Thaiupdate/Kapook
Translated by Ivy