ရုပ်ရှင်အတူတူရိုက်ဖူးချင်တဲ့ မင်းသားတစ်ဦးကို Kimmy Kimberley ရွေးချယ်ပေးခဲ့

Posted on

Kimmy Kimberley ကတော့ မသိသူမရှိတဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်မင်းသမီးတစ်လက်ပါ။ ဒရမ်မာကားတွေမှာ သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် Kimmy ရဲ့ ဇာတ်လမ်းတွေဆိုရင် အကုန်အောင်မြင်ပါတယ်။ အမွှာဇာတ်ရုပ်ကအစ ကာရိုက်တာပေါင်းစုံကို ပိုင်နိုင်တာကြောင့် Kimmy နဲ့ တွဲဖက်ထုတ်လုပ်လိုသူတွေ များပါတယ်။

ဒီလိုအဖက်ဖက်က ကျော်ကြားတဲ့မင်းသမီးကတော့ သူမဘဝမှာ ရုပ်ရှင်ကားတစ်ကားလောက် အတူတူရိုက်ကူးချင်တဲ့ မင်းသားရှိကြောင်း ဖော်ပြပြောဆိုခဲ့ပါတယ်။ December 14 ရက်နေ့က Kimmy Kimberley ဟာ နာမည်ကြီး YouTube show ဖြစ်တဲ့ ‘Goy Natty Dream’ မှာ ပါဝင်လာခဲ့ပါတယ်။ Goy Arachaporn aက Kimmy နဲ့ပတ်သက်လို့ အစုံမေးမြန်းတဲ့အခါမှာ အခုလိုပဲ ဖြေကြားပေးခဲ့ပါတယ်။

“အခုဆိုရင် အနုပညာလောကထဲကိုရောက်လာတာ ၁၁ နှစ်လောက်ရှိပြီ။ မင်းသမီးတစ်ယောက်အနေနဲ့ ရှေ့ဆက်ပြီး ဘာတွေဖန်တီးချင်လဲဆိုတော့ တပိုင်းတည်းနဲ့ပြီးတဲ့ ဇာတ်ကားမျိုးကို စိန်ခေါ်ရိုက်ကူးကြည့်ချင်တယ်။ ဒီအတွက်လည်း ကျွန်မနဲ့ လိုက်ဖက်ပြီး အကောင်းဆုံးအသက်သွင်းနိုင်မယ့်ဇာတ်ကောင်မျိုးကို စောင့်နေတာပါ။

တကယ်လို့ ဇာတ်ကားရိုက်ဖြစ်မယ်ဆိုရင်တော့ မင်းသား Tor Thanapob နဲ့ တွဲဖက်ရိုက်ကူးချင်တယ်။ ကျွန်မက Tor ကို သဘောကျတယ်။ အရင်တုန်းက Tor နဲ့အတူ ဓာတ်ပုံရိုက်ကူးရေးလုပ်ဖူးတော့ Tor က တော်တော်ကို နှစ်လိုဖွယ်ကောင်းပြီး ပျော်တတ်တဲ့ကောင်လေးဆိုတာကို သိခွင့်ရခဲ့ပါတယ်” ဆိုပြီး Kimmy က အရွှန်းဖောက်ခဲ့ပါတယ်။

Tor Thanapob ဟာလည်း ထိုင်းနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ပါ။ အထူးသဖြင့် အက်ရှင်ဒရမ်မာပိုင်းကို သိပ်ကိုပိုင်နိုင်ပြီး အသက်ဝင်အောင် ပုံဖော်တတ်တဲ့မင်းသားအဖြစ် နာမည်ကြီးလှပါတယ်။ အကယ်၍ Tor နဲ့ Kimmy သာ ဒရမ်မာအချစ်ဇာတ်လမ်းမျိုးကို တွဲဖက်ရိုက်ကူးမယ်ဆိုရင် ပြည်တွင်းပြည်ပအထိ ထိုးဖောက်နိုင်ဦးမှာ ကျိန်းသေနေပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy