Bow ကို “ကျွန်တော့်ရဲ့ချစ်သူ” ဆိုပြီး မှားယွင်းသုံးနှုန်းမိလိုက်တဲ့ Alek

Posted on

Alek နဲ့ Bow တို့ကတော့ အချစ်သစ်ကိုစတင်ကြဖို့ တစ်ဦးကိုတစ်ဦး လေ့လာဆဲအခြေအနေဆိုတာကို အားလုံးသိထားကြမှာပါ။ Alek ကိုယ်တိုင်ကလည်း Bow ကို လိုက်နေကြောင်း‌တရားဝင်ပြောခဲ့ပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Bow နဲ့ Alek ရဲ့ တရားဝင်တွဲမယ့်အချိန်ကို အကုန်လုံးကစောင့်နေကြပြီး တချို့ဆိုရင် တွဲနေကြပြီလို့တောင် ခန့်မှန်းနေကြပါတယ်။

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ Alek က Bow နဲ့ပတ်သက်လို့ ဖြေဆိုရာမှာ “girlfriend” (ချစ်သူကောင်မလေး) ဆိုပြီး သုံးခဲ့တာကြောင့် အားလုံးက ထင်ကြေးတွေပေးနေကြပါပြီ။ ထိုနေ့က အင်တာဗျူးအကြောင်းပြောရရင်တော့ Alek က “Bow နဲ့ပတ်သက်မှုက အခုမှ အစောပိုင်းအခြေအနေလောက်ပဲရှိသေးတယ်။ ၂ ယောက်သားတွေ့တယ်.. ‌အတူတူဆိုင်ထိုင်တယ်။

ရုပ်ရှင်အတူတူကြည့်တယ်။ တစ်‌ယောက်အကြောင်းတစ်‌ယောက်နားလည်ဖို့ ဖုန်းကနေပဲ အကဲခတ်လို့ မရဘူးလေ။ ဒီတော့ အတူတူဒိတ်ကြည့်ကြတယ်။ အခုချိန်ထိတော့ Bow နဲ့ ကျွန်တော်က မောင်နှမလိုပါပဲ။ ဒါပေမဲ့ လေးနက်တဲ့ခံစားချက်တွေတော့ ရှိနေပါတယ်။ အချစ်ရေးစဖို့အတွက် ၂ ယောက်သလုံးက အချိန်မပေးနိုင်သေးပါဘူး။ အလုပ်ကရတဲ့ ဖိစီးမှုတွေလည်းရှိတော့ တအားကြီးမျှော်လင့်မထားစေချင်ပါဘူး။

အချစ်တစ်ခုတည်‌‌ဆောက်ဖို့ကတော့ အချိန်ယူရပါဦးမယ်။ တကယ်လို့ Bow နဲ့ ကျွန်တော်တွဲဖြစ်ရင် အားလုံးကို အသိပေးမှာပါ။ လျှို့ဝှက်ပြီးတွဲရအောင် ငယ်တော့တဲ့အရွယ်လည်းမဟုတ်တော့ဘူး။  အားတဲ့အချိန်တွေမှာတော့ စကားပြောဖြစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ချစ်သူ (Girlfriend လို့ မှားပြောမိ) နဲ့ နေ့တိုင်းကြီးတော့ ပြောအားမရှိပါဘူး။

ကျွန်တော့်ချစ်သူ… မဟုတ်သေးပါဘူးဗျာ… ကျွန်တော်ပြောချင်တာက တစုံတယောက်ကိုချစ်မိတယ်ဆိုရင်တောင် နေ့တိုင်းကြီး အမြဲတမ်း အီစီကလီမပြောနိုင်ရင်တောင် ညဖက်မှာတော့ Good Night လောက်ဖြစ်ဖြစ် ပို့နိုင်ကြတယ်မလား?” ဆိုပြီး ရှက်ရင်းနဲ့ဖြေသွားခဲ့ပါတယ်။

သတင်းထောက်တွေကတော့ “ကျွန်တော့်ရဲ့ချစ်သူ” ဆိုပြီး Bow ကို သုံးနှုန်းလိုက်တာကို သေချာပေါက်ကြားလိုက်ရတာကြောင့် ဝုန်းဆန်သွားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ Bow နဲ့ Alek တို့ တကယ်တွဲပြီဆိုပြီး တရားဝင်ချပြတဲ့နေ့ကို စောင့်နေပါပြီနော်။

Source: Thaidaily
Photos: Instagram
Translated by Ivy