Thai Celebrity

Mark နဲ့ Bow ရဲ့ ပထမဆုံးတွဲဖက်မှုက မျှော်လင့်ထားတာထက် အောင်မြင်မှုရရှိနိုင်မလား

ထိပ်တန်းမင်းသား Mark Prin ကတော့ “Tai Ngao Tawan” ဆိုတဲ့ ဇာတ်လမ်းသစ်ကို Bow Maylada နဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။ မကြာသေးခင်ကမှ Mark Prin နဲ့ Bow Maylada တို့ဟာ ဇာတ်လမ်းသစ်အတွက် ဝတ်စုံပြည့်ရိုက်ကူးရေးပြုလုပ်ခဲ့ပါတယ်။ ပုံထဲမှာဆိုရင် Mark Prin က မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးတွေရှိနေပြီး Bow Maylada ကတော့ ရိုးရိုးရှင်းရှင်း သာမာန်ဝတ်စုံနဲ့ ချစ်စရာကောင်းနေပါတယ်။

နာမည်ကြီးထုတ်လုပ်ရေးက ဦးစီးထားတဲ့ဇာတ်လမ်းသစ်ဖြစ်ပြီး ၂၀၂၂ ထဲမှာ ထွက်လာမယ်လို့ ဆိုပါတယ်။ ရိုက်ကူးရေးကတော့ ၂၀၂၂ နှစ်စလောက်မှ စရိုက်မှာဖြစ်ပြီး December 15 ရက်နေ့တုန်းကမှ Mark Prin နဲ့ Bow Maylada တို့ဟာ ဇာတ်ညွှန်းအတူတူဖတ်ခဲ့ကြတာဖြစ်ပါတယ်။

Bow ရိုက်ကူးသမျှဟာ ထိပ်တန်းမင်းသား‌တွေနဲ့ချည်း တွဲဖက်ရလေ့ရှိတာကြောင့် အလုပ်ကံကောင်းတယ်ဆိုပြီး ပရိသတ်တွေက သတ်မှတ်ထားကြတာပါ။  Mark နဲ့က ဒီဇာတ်လမ်းသစ်မှာမှ ပထမဆုံးတွဲဖက်ရိုက်ကူးဖူးတာဖြစ်ပြီး အတူတူရှိနေတဲ့အချိန်မှာတောင် Chemistry မိနေကြတာလည်းဖြစ်ပါတယ်။

Mark ကတော့ Bow နဲ့ တွဲဖက်ရိုက်ကူးရမှာကို စိတ်လှုပ်ရှားနေကြောင်း ပြောခဲ့ဖူးတာကြောင့် “Tai Ngao Tawan” ဇာတ်လမ်းဟာ မျှော်လင့်ထားသလို အကောင်းဆုံးထွက်လာနိုင်မလားဆိုတာကိုလည်း သုံးသပ်နေကြပါတယ်။ Mark ရဲ့ ဖော်ပြပြောဆိုချက်အရ ဇာတ်ညွှန်းစဖတ်ကတည်းက စိတ်ဝင်စားဖို့ကောင်းတာကြောင့် ချက်ချင်းလက်ခံဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

သရုပ်‌ဆောင် ၂ ဦးကတော့ “Tai Ngao Tawan” ဇာတ်လမ်းသစ်ဟာ ပျော်ရွှင်စရာကောင်းတဲ့အပြင် ခံစားချက်ရသကောင်းတွေပေးနိုင်တဲ့အထိ ကောင်းမွန်တဲ့ဇာတ်အိမ်လည်းရှိတာကြောင့် စောင့်ကြည့်ကြဖို့ နှိုးဆော်ထားပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy