Thai Celebrity

၂၀၂၁ အထူးချွန်ဆုံးအနုပညာဖန်တီးမှုများအား ချပြနိုင်ခဲ့တဲ့ ထိုင်းအမျိုးသားကြယ်ပွင့် (၅) ဦး

၂၀၂၁ ကုန်ဆုံးတော့မှာဖြစ်လို့ တနှစ်ပတ်လုံးအနုပညာဖန်တီးမှုတွေကို ‌စိစစ်ရွေးချယ်လိုက်ရာ အထူးချွန်ဆုံးအရည်အချင်းတွေကို ပြသနိုင်ခဲ့တဲ့ အမျိုးသမီးအနုပညာရှင်များစာရင်းကို Bangkok Poll က‌ ကြေညာခဲ့ပါတယ်။ ဒီစာရင်းမှာတော့ အဆင့်အလိုက် Top 1-5 အထိပဲ ဖော်ပြထားတာဖြစ်ပါတယ်။

(1) Weir Sukollawat

၂၀၂၁ ရဲ့ စစ်တမ်းမှာ 20.7% ကို သိမ်းပိုက်ခဲ့ပြီး အဆင့် (၁) နေရာကို ရယူခဲ့သူဟာ ထိပ်တန်းမင်းသား Weir Sukollawat ဖြစ်ပါတယ်။ Bangkok Breaking ဇာတ်လမ်းသစ်ထွက်ရှိထားတဲ့အပြင် ဟောလီးဝုဒ်ဇာတ်လမ်းတွေပါ လက်ခံရိုက်ကူးခဲ့ပြီး အနုပညာနယ်ပယ်ချဲ့ထွင်ခဲ့တာကြောင့် ထိပ်ဆုံးအဆင့်ကို ထိုက်တန်စွာရရှိခဲ့တာဖြစ်ပါတယ်။

(2) Nadech Kugimiya

To Me, It’s Simply You ဇာတ်လမ်းတွဲနဲ့ ပြည်‌တွင်းပြည်ပ ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့တဲ့ Nadech Kugimiya ဟာ အဆင့် (၂) နေရာကို 12% နဲ့ ရယူထားနိုင်ခဲ့ပါတယ်။ ထိပ်တန်းမင်းသားဖြစ်တဲ့အလျောက် မီဒီယာလွှမ်းမိုးမှုအားကောင်းခဲ့ပြီး ကျော်ကြားမှုကလည်း မြင့်မားနေခဲ့ပါတယ်။

(3) Pope Thanawat

“Love Destiny” ရဲ့ အဓိကဇာတ်လိုက်မင်းသားချော Pope Thanawat ဟာ စာရင်းရဲ့ 10% နဲ့ တတိယ၊ အဆင့် (၃) နေရာကို ရယူခဲ့ပါတယ်။ ၂၀၂၁ ထဲမှာ ဇာတ်လမ်းသစ်မထွက်ထားပေမဲ့ Bella နဲ့ လာမယ့် S2 ကိုလည်း ရိုက်ကူးနေတာဖြစ်လို့ ပရိသတ်စိတ်ဝင်စားမှု အများအပြားရရှိထားပါတယ်။

(4) James Jirayu

လက်တလောပြသနေတဲ့ Are We Alright? ဇာတ်လမ်းတွဲနဲ့ ဝက်ဝက်ကွဲအောင် လူကြိုက်များနေတဲ့ မင်းသားချော James Jirayu ဟာ အဆင့် (၄) နေရာကို စာရင်းရဲ့ 9.1% အထိ ပိုင်ဆိုင်ရင်း ရယူထားခဲ့ပါတယ်။ ဝါရင့်စီနီယာမင်းသမီးကြီး Anne Thongprasom နဲ့ အတွဲညီနေတာကြောင့် နေရာစုံမှာ ကျော်ကြားနေပါတော့တယ်။

(5) Phai Phongsathon

အဆင့် (၅) နေရာမှာတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအဆိုတော်-သရုပ်ဆောင် Phai Phongsathon က 6.4% နဲ့ ရောက်ရှိခဲ့ပါတယ်။ ၂၀၂၁ ထဲမှာ သီချင်းသစ်တွေထွက်ရှိခဲ့ပြီး ထိုင်းပရိသတ်ကြီးတို့ရဲ့ Playlist ထဲမှာ နေရာယူထားခဲ့တဲ့အထိ အောင်မြင်သူလည်းဖြစ်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by NayChi