Lai Kuanlin ပါဝင်တဲ့ အဖွဲ့ဝင် (၁၁) ယောက်အစုံအလင်ဖြင့် သီချင်းသစ်ထွက်လာမယ့် Wanna One

Posted on

Wanna One အဖွဲ့ဟာ Kpop Industry ထဲမှာ တော်တော်လေး လွှမ်းမိုးမှုအားကြီးခဲ့ပြီး သီချင်းကောင်းတွေဆိုရင်လည်း မသိတဲ့သူမရှိတဲ့အထိ ကောင်းမွန်လှပါတယ်။ ၂၀၁၉ မှာတော့ အဖွဲ့လိုက်လှုပ်ရှားမှုတွေကို ရပ်နားခဲ့ပြီး အဖွဲ့ဝင် (၁၁) ယောက်စလုံးကလည်း ကိုယ်စီလှုပ်ရှားမှုများနဲ့ အောင်မြင်နေကြဆဲဖြစ်ပါတယ်။ အဖွဲ့ဝင် (၁၁) ယောက်စလုံးအစုံအလင်ဖြင့် Wanna One ရဲ့ တဖန်ပြန်လည်ပေါင်းစည်းမှုကို ပရိသတ်များက လိုလားတောင့်တနေခဲ့ကြရပြီး ၂၀၂၂ ထဲမှာတော့ ဆန္ဒတွေ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ Lai Kuanlin ဟာ လာမယ့် Wanna One ရဲ့ အထူးထုတ်လုပ်မှုသီချင်းသစ်မှာ ပါဝင်လာမှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီဖြစ်လို့ ၁၁ လုံး တစုတစည်းတည်းဖြစ်သွားခဲ့ပါပြီ။

January 11 ရက်နေ့မှာပဲ CJ ENM က Lai Kuanlin နဲ့ ပတ်သက်လို့ အတည်ပြုထုတ်ပြန်ပေးခဲ့ပါတယ်။ လက်ရှိ ချိုင်းနားမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ မအားလပ်အောင်ဖြစ်နေတဲ့ Lai Kuanlin ဟာ Wanna One ရဲ့ အဖွ့ဝင်အားလုံးနဲ့အတူ ‘Beautiful (Part III)’ မှာ ပါဝင်ခဲ့ပြီးပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့တာပါ။ မကြာခင်ထွက်လာတော့မယ့် Wanna One ရဲ့ သီချင်းသစ်ကတော့ အဖွဲ့ဝင် (၁၁) ဦးစလုံးကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

Wanna One အဖွဲ့ဟာ ၂၀၁၇ တုန်းက ‘Beautiful’ နဲ့ ၂၀၁၈ တုန်းက ‘Beautiful (Part II)’ တို့ကို ထွက်ရှိပေးထားခဲ့ပါတယ်။ လာမယ့် ‘Beautiful (Part III)’ ကိုတော့ January 27 ရက်နေ့မှာ စတင်ထုတ်ပေးမှာဖြစ်လို့ Wannable လေးတွေလည်း အတော်ပျော်နေကြမယ် ထင်ပါတယ်။ ၃ နှစ်ကြာခါမှ (၁၁) ဦးစလုံး အစုံအလင်ပေါင်းဆုံမယ့် Wanna One အဖွဲ့ကို ကြိုဆိုအားပေးကြရပါဦးမယ်နော်။

Source: Kstarlive
Photos: Kstarlive
Translated by NayChi