ပွဲဦးထွက်တာ မကြာသေးပေမဲ့ ကိုရီးယားပရိသတ်တွေကြားမှာ လူကြိုက်များနေတဲ့ ဂျပန်လူမျိုး မိန်းကလေး K-Pop idol များ

Posted on

K-Pop ဟာ ယနေ့အချိန်လို ကမ္ဘာနဲ့အဝှမ်း အသိအမှတ်ပြုခံရပြီး အောင်မြင်ကျော်ကြားမှု မရရှိသေးခင်က idol အဖွဲ့အများစုဟာ ကမ္ဘာ့ဂီတစျေးကွက်ကို ထိုးဖောက်ဖို့ အရင်ဆုံး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂျပန်ဂီတစျေးကွက်ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားခဲ့ကြရပါတယ်။ ယခုအခါမှာတော့ K-Pop ဟာ ကမ္ဘာနဲ့အဝှမ်း ပေါ်ပြူလာဖြစ်နေတာကြောင့် များစွာသော ဂျပန်လူငယ်တွေဟာ ကမ္ဘာကျော်စတားဖြစ်ချင်တဲ့ သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ကိုရီးယားကို လာရောက်ပြီး K-Pop idol တွေဖြစ်ဖို့ ကြိုးစားလျက်ရှိကြပါတယ်။

ဒါကြောင့်မို့ လွန်ခဲ့တဲ့နှစ်တွေတည်းက ဂျပန်အဖွွဲ့ဝင်တွေပါတဲ့ K-pop idol အဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပြီး ယနေ့အချိန်မှာဆိုရင် ဂျပန်လူမျိုး K-Pop idol အသစ်လေးတွေဟာ ကိုရီးယားနိုင်ငံ အပါအဝင် နိုင်ငံတကာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ပိုပြီး ရရှိနေပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ netizen တစ်ဦးဟာ မကြာသေးခင်ကမှ ပွဲဦးထွက်ထားပေမဲ့ တောင်ကိုရီးယားမှာ ကောင်းမွန်တဲ့ တုံ့ပြန်မှုကို ရရှိကာ လူကြိုက်များနေတဲ့ မိန်းကလေး ဂျပန် idol အသစ်လေးတွေကို စာရင်းပြုစုခဲ့ပါတယ်။ အဲ့ဒီစာရင်းထဲမှာ ပါဝင်လာတဲ့ မိန်းကလေး ဂျပန် idol တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

(1) LIGHTSUM အဖွဲ့ဝင် Hina

(2) Billie အဖွဲ့ဝင် Tsuki

(3) Billie အဖွဲ့ဝင် Haruna

(4) IVE အဖွဲ့ဝင် Rei

(5) Kep1er အဖွဲ့ဝင် Hikaru

(6) Kep1er အဖွဲ့ဝင် Mashiro

ဒီစာရင်းအပေါ် တခြား ကိုရီးယား netizen တွေကလည်း “ဒီကောင်မလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ”၊ “Rei က အရမ်းချစ်ဖို့ကောင်းတယ်”၊ “ကောင်မလေးတွေ အကုန်လုံး အရမ်းလှကြတယ်”၊ “ဂျပန်အဖွဲ့ဝင်အသစ်တွေ တော်တော်များလာတာပဲ”၊ “ငါကတော့ Mashiro ကို တကယ် သဘောကျတယ်”၊ “Tsuki ကို ကိုရီးယားလူမျိုးလို့ထင်နေတာ။ သူက အရမ်းချစ်ဖို့ကောင်းတာပဲ” ၊ “ငါကတော့ LIGHTSUM ရဲ့ Hina ကိုကြိုက်တယ်” စသဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။

Source : Allkpop
Photo : Kpopping
Written : ZL