Yang Zi နဲ့ အနမ်းဇာတ်ဝင်ခန်းရိုက်ရမှာ မကြိုက်တဲ့ အကြောင်းအရင်းအား ပြောပြဖူးတဲ့ Lixian

Posted on

LiXian နဲ့ Yang Zi တို့က ဖျော်ဖြေရေးလောကရဲ့ သူငယ်ချင်းမိတ်ဆွေအရင်းကြီးတွေပဲ ဖြစ်ကြပါတယ်။ Go Go Squid နဲ့တုန်းကလည်း အတွဲညီတာကြောင့် နှစ်ယောက်သားတွဲကြဖို့တောင် ပရိသတ်တွေ မျှော်လင့်ခဲ့ကြပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့အလျောက် အနမ်းဇာတ်ဝင်ခန်းရိုက်ရတာတွေရှိပေမဲ့ Lixian ကတော့ Yang Zi နဲ့ နမ်းရတာကို မကြိုက်ကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။

အင်တာဗျူးမှာ Yang Zi နဲ့ အနမ်းဇာတ်ဝင်ခန်းအကြောင်းမေးတော့ Lixian က “ကျွန်တော်က Yang Zi နဲ့ နမ်းရတဲ့အခန်းတွေ ရိုက်ကူးဖို့ ကြောက်တယ်။ ဘာလို့လဲဆိုတော့ ပုံမှန်အားဖြင့် Yang Zi က ကောင်လေးလိုမျိုးနေတတ်ပြီး ကျွန်တော်နဲ့ကလည်း အရင်ကတည်းက သိကျွမ်းပြီးသားသူတွေဆိုတော့ ရှိုးတို့ရှန်းတန်းဖြစ်ရတယ်။ သူက ကျွန်တော့်အတွက် ညီအစ်ကိုလိုမျိုးဖြစ်ပြီး ပြောမနာဆိုမနာ သူငယ်ချင်းကြီးတွေဆိုတော့ အနမ်းဇာတ်ဝင်ခန်းမျိုး ရိုက်ဖို့ဆိုတာ တော်တော်ရှက်ဖို့ကောင်းပါတယ်” ဆိုပြီး ဖြေသွားခဲ့ဖူးပါတယ်။

Yang Zi ကတော့ မင်းသားပေါင်းများစွာနဲ့ တွဲဖက်သရုပ်ဆောင်ရင်း အားလုံးနဲ့ ရင်းနှီးခင်မင်သွားတတ်ပါတယ်။ Lixian ကတော့ Yang Zi နဲ့က အရင်ကတည်းက သူငယ်ချင်းအရင်းကြီးဖြစ်နေတာကြောင့် အနမ်းဇာတ်ဝင်ခန်းမျိုးရိုက်ရတာကို ရှက်နေပုံပေါ်ပြီး အဆင်မပြေဖြစ်သွားမှာကို တွေးပူမိပုံပါပဲနော်။

Source: What’sToday
Photos: Studio
Translated by NayChi