Jisoo လေးရဲ့ နွေးထွေးကြင်နာတတ်ပုံကို မျှဝေခဲ့တဲ့ မင်းသမီး Kim Hye Yoon

Posted on

BLACKPINK အဖွဲ့ဝင် Jisoo ဟာ တောက်ပတဲ့ အပြုံးပိုင်ရှင်ဖြစ်ပြီး ဘယ်တော့မှ စိတ်အားမငယ်ဘဲ အမြဲပြုံးနေတဲ့သူဆိုတာ ပရိတ်သတ်ကြီးတို့အသိပါ။ Jisoo ဟာ တစ်နှစ်ထက်တစ်နှစ် ကမ္ဘာကျော်လာတဲ့ အနုပညာရှင် ဖြစ်လင့်ကစား မာန်မာနကြီးလာတာမျိုးလည်း မရှိပါဘူး။ သူ့အနားမှာရှိတဲ့သူတိုင်းကို ကြင်နာစွာဆက်ဆံပါတယ်။ ခုလည်း ပထမဆုံးပွဲဦးထွက် Drama ကို လူတွေအများကြီးနဲ့ ရိုက်ကူးခဲ့ရပါတယ်။

Jisoo နဲ့ တွဲလုပ်ဖူးသူတိုင်း Jisoo ဘယ်လောက် သဘောကောင်းကြောင်း ပြန်မျှဝေခဲ့ကြပါတယ်။ ထိုထဲကမှ အဆောင်က Ph Operator ဖြေသူ ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Kim Hye Yoon လည်း အပါအဝင်ပါဘဲ။ Star1 Magazine နဲ့ လုပ်တဲ့ interview မှာ ခုလိုဖြေခဲ့ပါတယ်။ ကျွန်မတို့ Snow Drop ရုပ်ရှင်ရိုက်ကူးရေးတွေလုပ်တုန်းက.. ကျွန်မအနီးကပ်ဆုံးလူက jisoo ပါဘဲ။

Jisoo က တောက်ပပြီး.. ပေါင်းရသင်းရလွယ်တဲ့ သူမျိုးပါ။ Jisoo ကလေ အရမ်းခင်ဖို့ကောင်းလွန်းလို့ သူ့အနားမှာဆိုရင် ကျွန်မအရမ်းသက်တောင့်သက်သာဖြစ်တယ်။ ရိုက်ကွင်းမှာ ကျွန်မတို့တတွေ တူတူရိုက်ရတာ များလို့ တော်တော်ရင်းနှီးသွားတယ်လို့ ကျွန်မထင်တယ်

ကဲ.. Jisoo လေးရဲ့ သတင်းကတော့ ဘယ်နေရာ ရောက်ရောက် မွှေးနေတာပါဘဲနော်။ မင်းသမီး Kim Hye Yoon နဲ့ဆိုလည်း Drama ထဲမှာ ကတောက်ကဆဆက်ဆံရေးကို တူတူသရုပ်ဆောင်ရပေမဲ့ အပြင်မှာကျ အရမ်းရင်းနှီးချစ်ခင်ကြတာကို “Snow Drop” behind the scene video တွေမှာ တွေ့မြင်နိုင်ပါတယ်။ မကြည့်ရသေးရင် ကြည့်ကြပါအုံးနော်။

Source: Koreaboo
Photo Credit: Koreaboo
Written : Violet