2022 မှာ ပိုမိုကောင်းမွန်တဲ့သူဖြစ်လာဖို့ ကြိုးစားနေတယ်လို့ ဆိုတဲ့ ယောင်းရိုလေး (Jisoo)

Posted on

Snow Drop ဇာတ်လမ်းတွဲနဲ့ ပရိသတ်အချစ်ကို စုပြုံပြီးရရှိနေသူလေး Jisoo ကတော့ သူမရဲ့နွေးထွေးညင်သာတဲ့စိတ်ထားလေးတွေကြောင့် ပတ်သက်ဖူးသူတိုင်းက ချီးကျူးကြပါတယ်။ Jisoo လေးကတော့ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သူဖြစ်လာဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း ၂၀၂၂ မှာလည်း သူမရဲ့ရည်ရွယ်ချက်တွေကို အင်တာဗျူးမှာ ပြောပြခဲ့ပါတော့တယ်။

Jisoo က Dazed Korea နဲ့ အင်တာဗျူးလုပ်ခဲ့ပြီး နှစ်သစ်အတွက် သူမရဲ့ ရည်မှန်းချက်တွေ၊ တန်ဖိုးထားမှုများအား ပြောပြခဲ့ပါ‌တော့တယ်။ Jisoo က “ထုံးစံအတိုင်း စိန်ခေါ်မှုအသစ်တွေတိုင်းအား အကြောက်အရွံမရှိဘဲ ရဲရဲရင့်ရင်နဲ့ တာဝန်ယူလုပ်ဆောင်ကြည့်ချင်ပါတယ်။ အရာရာတိုင်းကတော့ အမြဲတမ်း အဆင်ချောနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

ဒီတော့ နောင်တကင်းမဲ့စွာနဲ့ ရှေ့ဆက်နိုင်အောင် အကောင်းဆုံးကြိုးစားသွားမယ်။ ကျွန်မရဲ့ အတွင်းစိတ်သဏ္ဍာန်ကို လေ့လာကိုင်တွယ်ရင်း ၂၀၂၂ မှာ အရင်ကထက် ပိုမိုကောင်းမွန်တဲ့သူတစ်ဦး ဖြစ်လာစေရမယ်လို့ ရည်မှန်းထားပါတယ်။ နှစ်‌တွေအများကြီး ကျွန်မရဲ့ဖြစ်တည်မှုတိုင်းကို လက်ခံအားပေးနေကြတဲ့ BLINKs တွေကိုလည်း သိပ်ကိုကျေးဇူးတင်တာပဲ။

စိန်ခေါ်မှုတွေ၊ အသစ်အဆန်းတွေကို လုပ်ကိုင်ကြည့်ရင်း အခုပုံစံထက် ပိုကောင်းတဲ့သူဖြစ်လာဖို့ ကြိုးစားနေတဲ့အချိန်တိုင်းမှာ BLINKs တွေအားလုံး ကျွန်မနဲ့ရှိနေပေးဖို့ မျှော်လင့်ထားပါတယ်။ အရာအားလုံးကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်တာကလည်း BLINKs တွေရဲ့ မမှိတ်မသုန်တဲ့ အားပေးထောက်ပံ့မှုတွေကြောင့်ပါပဲ။ ၂၀၂၂ မှာလည်း ကျွန်မနဲ့အတူတူ ရှေ့ဆက်ကြမယ်မလား?

ပရိသတ်တွေ ဂုဏ်ယူရတဲ့ လူကောင်းတစ်ဦးဖြစ်လာဖို့ အမြဲကြိုးစားနေမယ်‌ဆိုရင် အားလုံးအတူတူ ပျော်ရွှင်မှုတွေရလိမ့်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။ Jisoo နဲ့ပတ်သက်လို့ ဂုဏ်ယူရတာကတော့ အကြိမ်ကြိမ်ပါပဲ။ ပရိသတ်တွေဂုဏ်ယူလို့ရအောင် အရင်ကထက် ပိုပြီးကောင်းမွန်တဲ့လူဖြစ်ဖို့ ကြိုးစားသွားမယ့် Jisoo ကို ဘယ်လိုလုပ်ပြီး မချစ်ဘဲ နေနိုင်ပါ့မလဲနော်။

Source: Koreaboo
Photos: BLACKPINK area
Translated by NayChi