ဇန်နဝါရီလကုန်မှာပဲ အေဂျင်စီနဲ့ လက်တွဲဖြုတ်တော့မယ့် နာမည်ကျော် BL မင်းသား (၃) ဦး

Posted on

“En of Love: This is Love Story” စီးရီးထဲက အတွဲလေး‌တွေကိုနှစ်သက်တဲ့ ထိုင်း BL ပရိသတ်ကြီးတို့အတွက် အေဂျင်စီကထုတ်ပြန်လိုက်တဲ့ သတင်းသစ်လေးတစ်ခုရှိပါတယ်။ အဆိုပါစီးရီးထဲက မင်းသားချောတွေဖြစ်တဲ့ Yin Anan, War Wanarat နဲ့ Prom Ratchapat (၃) ဦးစလုံးဟာ Rookie Thailand အေဂျင်စီနဲ့ ဇန်နဝါရီလကုန်မှာပဲ လက်တွဲဖြုတ် နှုတ်ဆက်တော့မှာဖြစ်ပါတယ်။

စာချုပ်သက်တမ်းက ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ကုန်မှာဖြစ်လို့ စာချုပ်သစ်ထပ်မံချုပ်ဆိုခြင်းမရှိဘဲ အလွတ်တမ်းသရုပ်ဆောင်များအဖြစ် ရှေ့ဆက်မယ်လို့ဆိုပါတယ်။ ထုတ်ပြန်စာထဲမှာ “Yin Anan, War Wanarat နဲ့ Prom Ratchapat တို့ဟာ အလွတ်တမ်းသရုပ်ဆောင်မင်းသားများအဖြစ် ရှေ့ဆက်လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး ကိုယ့်ကိုကိုယ် ဦးစီးကြတော့မှာဖြစ်ပါတယ်။

Rookie Thailand နဲ့ စာချုပ်သက်တမ်းကလည်း January 31, 2022 မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အသစ်ထပ်မံချုပ်ဆိုခြင်းမရှိတော့ပါဘူး။ သက်တမ်းမကုန်သေးတာကြောင့် လက်ရှိအချိန်အထိ မင်းသား (၃) ဦးရဲ့ ကိစ္စအဝဝကို အေဂျင်စီအဖွဲ့က တာဝန်ယူထားမှာဖြစ်ပါတယ်။

ဒီတလျှောက်လုံး အတူလက်တွဲလုပ်ကိုင်ပေးခဲ့တဲ့ Yin Anan, War Wanarat နဲ့ Prom Ratchapat တို့အား ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်မယ့် သူတို့ရဲ့ ကိုယ်ပိုင်အနုပညာလမ်းမထက်မှာ အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေ” ဆိုပြီး အေဂျင်စီကထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

ဖေဖော်ဝါရီလက စတင်ပြီး Yin Anan, War Wanarat နဲ့ Prom Ratchapat တို့ဟာ အလွတ်တမ်းသရုပ်ဆောင်များဖြစ်သွားပါပြီ။ နှစ်သက်ရာဇာတ်ကောင်ကို စိတ်ကြိုက်ရွေးချယ်‌ရိုက်ကူးနိုင်တော့မှာဖြစ်လို့ မင်းသားအသီးသီးရဲ့ ဇာတ်လမ်းကောင်းတွေကို စောင့်မျှော်အားပေးရပါဦးမယ်။ မကြာခင်မှာတော့ သူတို့ ၃ ဦးစလုံးရဲ့ Love Mechanics (2022) စီးရီးက ည်း ထွက်ဖို့ရှိသေးတာကြောင့် တခဲနက်အားပေးနိုင်ဦးမှာပါ။

Source: RookieThailand
Photos: ThailandToday
Translated by NayChi